ဒုတိယသက်တမ်းအတွက် မဲပေးကြဖို့ ဝန်ကြီးချုပ် ဦးသိန်းအောင် တိုက်တွန်း


2015.10.22
theinaung-usdp-candidates-620.jpg ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကံကွင်းကျေးရွာမှာ အောက်တိုဘာလ ၂၂ ရက်နေ့က ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင် မဲဆွယ်စဉ်
Photo: Wai Yan Moe Myint/RFA

လက်ရှိ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က သူ့ကို ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူစေချင်တယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီကို မဲပေးကြဖို့ အင်္ဂပူမြို့နယ် ကံကွင်းကျေးရွာမှာ ဒေသခံတွေကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ကံကွင်းကျေးရွာ ဓမ္မဒူတနိဗ္ဗိန္ဒတောရကျောင်းတိုက်မှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းအောင်က ပြောလိုက်တာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးသိန်းအောင်ဟာ အင်္ဂပူမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် ၁ ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကံကွင်းကျေးရွာဟာ သူ့ရဲမဲဆန္ဒနယ်ထဲမှာ မပါဝင်ပေမယ့် အဲ့ဒီမဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ်လောင်းတွေကို ဒေသခံတွေနဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲမှာ ဒေသခံတွေက တံတားတွေ ပြုပြင်ပေးဖို့နဲ့ ကျေးရွာမီးလင်းရေးကိစ္စတွေကို ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးသိန်းအောင်က ရွေးကောက်ပွဲအပြီးမှာ လုပ်ဆောင်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။