ပြည်နယ်ဝန်ကြီး တချို့ အလုပ် လက်ကိုင်မရှိ ဖြစ်နေ

ချင်းပြည်နယ် အစိုးရမှာ ဝန်ကြီးနေရာတွေ ရရှိထားကြတဲ့ ချင်းပါတီ (၂) ခုက ဝန်ကြီးတွေဟာ ဌာန အလုပ် လုပ်ကိုင်ခွင့် မရသေးသလို တချို့ဟာ တာဝန်ယူရတဲ့ ဌာနဆိုင်ရာတွေနဲ့ မသက်ဆိုင်တဲ့ ဌာနတွေ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

2011.06.01
chin_state_map_305_z ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map)
(RFA Map)

ချင်းအမျိုးသားပါတီ CNP က ရွေးချယ်ခံရတဲ့ ပူးရာမာန် ကို စီးပွားရေး ဝန်ကြီးအဖြစ် တာဝန်ပေးထားပေမဲ့ သူရဲ့ဌာနအောက်မှာ ဘာမှ မသက်ဆိုင်တဲ့ အား ၊ကာ ခေါ် အားကစားဌာန ကို ထားရှိထားတယ်လို့ RFA ကိုပြောပါတယ်။

" အော်၊ စီးပွါးရေးပါ။ အဲဒီအောက်မှာတော့ သမဝါယမရယ်၊ အားကာရယ်၊ အားကစားတွေပါဘဲ၊ ဘာမှ မရှိပါဘူး။ ချင်းပြည်နယ်မှာတော့ မရှိပါဘူး။ ကျနော်တို့က အခု လေ့လာတုန်း အဆင့်မှာဘဲ ရှိပါတယ်။ ချင်းပြည်နယ်က စီးပွါးရေးလုပ်ငန်းပိုင်းဆိုရင် နဲနဲ အားနဲတယ်လေ။"

ဒါ့အပြင် ချင်းပြည်နယ် အစိုးရမှာ နောက်ထပ် ချင်းပါတီတခု ဖြစ်တဲ့ CPP ခေါ် ချင်းတိုင်းရင်းသား တိုးတက်ရေးပါတီကနေ ရွေးချယ်ခံရတဲ့ ပူကျော်ငြိမ်း က သူအနေနဲ့ ဌာနလေးခု တာဝန်ယူရတဲ့ ဝန်ကြီး ဖြစ်ပေမဲ့ အဲဒီ ဝန်ကြီးဌာနတွေကို အခုအထိ ဗဟိုအစိုးရက ချုပ်ကိုင်ထားတယ်လို့ RFA ကိုပြောပါတယ်။

"စွမ်းအင်ရယ်၊ လျှပ်စစ်ရယ်၊ သတ္တုရယ်၊ သစ်တောရယ်ပါ။ ဒီမှာ ချင်းမှာကျတော့ စွမ်းအင်နဲ့ သတ္တုက မရှိဘူး။ အဓိကက လျှပ်စစ်နဲ့ သစ်တောဘဲ ရှိတာကိုး။

ပြည်ထောင်စုအစိုးရက အခု ကျတော်တို့ လောလောဆယ် ၆ လ တာဝန်ယူထားတယ်လေ။ ၆ လပြီးရင် ပြည်နယ်အစိုးရကို အပြီးအပိုင်ပေးမယ်လို့ ပြောထားတာ။

အခုလောလောဆယ်မှာ ရံပုံငွေတွေ ဘာတွေ ချမပေးသေးဘူး။ ပြည်ထောင်စုဘဲ ကိုင်ထားသေးတယ်။

အဲဒါကတော့ ဘယ်လိုမှ ကျတော်တို့ ဘာမှ ပြောလို့မရသေးဘူးလေ။"

ချင်းပြည်နယ်မှာ အဲဒီ ချင်းပါတီ ၂-ခုက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ် အင်အား အများဆုံး ရရှိပေမဲ့ ကြံခိုင်ရေးပါတီ က ၂၅-ရာခိုင်နှူန်း တပ်မတော် ခွဲတန်းနဲ့ ပေါင်းပြီး အစိုးရဖွဲ့ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-06-02 08:18

TAKE A BREAK FOR A WHILE!!!!!!!!!!!!!

Anonymous
2011-06-02 01:42

မင်းတို့  ကလဲ ၀န်ကြိးလုပ်ချင်တာ ဘဲ ၇ှိတယ် ဘာ မ မှကြိုတင်ပြင်ဆင်ထားတာ မ၇ှိတာ လုပ်ဟေ့လဲ ဆိုေ၇ာ ဘာလုပ်၇မှန်းမသိဘူး အေးေ၇ာ အ၇င်လို ဘဲမိုးလင်းမိုးချုပ် အ၇က်သာ သောက်နေကြကွာ