သီဟသူရ ဦးတင်အောင်မြင့်ဦး သတင်း ပုံနှိပ်ထုတ်ဝေလျှင် အရေးယူခံရမည်

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်စာ တင်သွင်းတယ်ဆိုတဲ့ သတင်းကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ရေးသားဖော်ပြခြင်း မပြုဖို့ သက်ဆိုင်ရာက ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

2012.05.08

အခုတစ်ပတ် ထုတ်ဝေမယ့် Venus ဂျာနယ်မှာ ရေးသားထားတဲ့ ဒီသတင်းကို ပုံနှိပ်ထုတ်ဝေရင် အရေးယူခံရမယ်ဆိုပြီး စာပေစိစစ်ရေးဌာနက ဆက်သွယ်အကြောင်းကြားပြီး ပိတ်ပင် ဟန့်တားလိုက်တာ ဖြစ်တယ်လို့ Venus ဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာ ကိုသာလွန်ဇောင်းထက်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြား ပါတယ်။

" ဦးတင်အောင်မြင့်ဦး ကျန်းမာရေး မကောင်းဘူး။ ရာထူးက နုတ်ထွက်သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတယ်ဆိုပြီး ကျွန်တော်တို့က ကိုးကားပြီးရေးလိုက်တဲ့ အခါကျတော့ သူတို့က ကျွန်တော်တို့ကို ပထမတော့ ကျွန်တော်တို့လည်း တင်ထားတာပေါ့။ လွတ်မယ် ထင်ပြီးတော့၊ တင်ထားတဲ့ အချိန်မှာ နောက်ကျတော့ မနေ့ညက ကျွန်တော်တို့ နောက်ဆုံးဖောင်ကို နောက်ဆုံးဂျာနယ်ရိုက်တဲ့ အချိန်မှာ ဒီဗိုလ်မှူးတင့်ဆွေနဲ့ ဗိုလ်မှူး မျိုးမြင့်မောင်ကနေပြီး ဖုန်းဆက်တယ်။ ဒီသတင်းကို လုံးဝထည့်လို့ မရဘူး။ ဒီသတင်းကိုထည့်လို့ရှိရင် ဒါအရေးယူခံရမယ် ဆိုတာမျိုးထက်ကိုဗျာ၊ ဒီသတင်းထည့်တဲ့ ဂျာနယ်ကို ခေါ်ပြီးအရေးယူဖို့ ရှိတယ်"

ဦးတင်အောင်မြင့်ဦး နုတ်ထွက်တဲ့သတင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့ထုတ် Myanmar Post ဂျာနယ်က စာပေစိစစ်ရေးကို မတင်ပြဘဲ ထုတ်ဝေခဲ့တဲ့အတွက် ဂျာနယ်တာဝန်ရှိသူတွေကို အရေးယူမယ်လို့ စာပေစိစစ်ရေး အာဏာပိုင်တွေက ခေါ်ယူ သတိပေးထားကြောင်းလည်း သိရပါတယ်။

ဦးတင်အောင်မြင့်ဦး နုတ်ထွက်ကြောင်း သတင်းတွေ ရေးသားခွင့် ပိတ်ပင်ထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စာပေစိစစ်ရေးဌာန တာဝန်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖြေကြားမှု မရှိပါဘူး။

ဒီအတောအတွင်းမှာပဲ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ သမ္မတ ဦးသိန်းစိန် အနားယူလိမ့် မယ်ဆိုတဲ့ နိုင်ငံရေးအကြံပေး ပုဂ္ဂိုလ် ဦးကိုကိုလှိုင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Venus ဂျာနယ်က ဒီကနေ့ ဖော်ပြခဲ့တဲ့အတွက် စာပေစိစစ်ရေးရုံးက ခံဝန်လက်မှတ်ထိုးဖို့ ဆင့်ခေါ်ခံထားရတယ်လို့ Venus ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-12-01 16:12

ခင်ဗျားတို့မီဒီယာတွေလည်း စည်းလုံးကြပါဦး
သုညမဏ္ဍိုင်ပြန်ဖြစ်သွားဦးမယ် ရဖို့ချဉ်းတွက်
မနေနဲ့

Anonymous
2012-05-31 20:48

ဒီလိုဒု-သမတ မြန်မြန်ထွက်သွားတာ သူ့အတွက်လည်းကောင်းပါတယ်။ တိုင်းပြည်အတွက်လည်းကောင်းပါတယ်။ ကျန်ဘောင်းဘီချွတ်ပုဆိုးဝတ်တွေလည်း သွားသင့်ပါပြီ။ မဲသူခိုးတွေလေ။ စစ်ဝတ်နဲ့တုန်းက တိုင်းပြည်ငွေခိုးတယ်။စစ်ဝတ်ချွတ်ရခါနီး မဲခိုးတယ်။ အဝီစိ ဇောက်ထိုးအတူတူ ဆင်းကြမှာပါ။ နောင်တချိန်ရာဇဝင်ပြောင်သောသူခိုးများ ရုပ်ရှင်ဇာတ်လမ်းရိုက်ဖို့အကြ့ပြုပါတယ်။

Anonymous
2012-05-08 13:18

JUST MAKE NEWS AS MEDIA FOR MONEY.BCP BEHIND.

Anonymous
2012-05-08 21:46

ဘယ်မှာလဲ သတင်းစာလွတ်လပ်ခွင့်။ ပြည်တွင်းကိုဝင်ချင်ကြဦး မီဒီယာတွေ။

Anonymous
2012-10-29 22:02

သူတို့အတွက်တော့အေးဆေးဖြစ်သွားပြီလေ။အောက်ကလူတွေဘဲနာတာဗိုလ်ချုပ်အောင်ဆန်းကိုမြင်စေချင်တယ်တိုင်းသူပြည်သားအပေါ်ဂုတ်သွေးစုပ်အောက်ခြေကဝန်ထမ်းတွေ အောက်ခြေကလူတန်းစားတွေကတော့ဘယ်သူတက်တက်ဒီအတိုင်းဟာဒီအတိုင်းပါပဲ။ဒါကြောင့်နောက်တက်လာမဲ့သူကရောတိုင်းပြည်အတွက်လားအိမ်မှာကျန်ခဲ့တဲ့သားမယားနဲ့အမျိုးတွေအတွက်လားဆိုတာတောမသိနိုင်ပေမဲ့ဖြစ်နိုင်ချေများတာကတော့အရင်လိုပဲထင်ပါတယ်။

Anonymous
2012-05-09 01:52

TIN TUN AUNG
tutu1966@gmail.com