၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် ပြောကြားချက်

2021.02.08

စစ်အစိုးရရဲ့ ခြိမ်းခြောက်မှုကို မကြောက်ဘဲ ဆန္ဒပြလှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ဆက်လက်လုပ်ဆောင်ကြဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဆန္ဒပြပွဲတွေကို နှိမ်နင်းမယ်ဆိုတဲ့ စစ်အစိုးရရဲ့ သတိပေးချက်နဲ့ ဒီကနေ့ ထွက်ပေါ်လာအပြီးမှာ ဦးမင်းကိုနိုင်က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေမှာ အကြမ်းမဖက်ဖို့နဲ့ အတုအယောင် ဆန္ဒပြသူတွေ ပါဝင်လာနိုင်တာကိုလည်း သတိထားကြဖို့ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။