Eleven မီဒီယာအမှု မရုပ်သိမ်းနိုင်သေး
2018.10.19

အလဲဗင်း သတင်းထောက် ၃ ယောက်အမှုနဲ့ ပတ်သက်ပြီး အမှုပိတ်ပေးမှ ဆက်လက်ဆောင်ရွက်လို့ရမည်လို့ မြန်မာသတင်းမီဒီယာကောင်စီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုပြောလိုက်ပေမယ့် ဒီကနေ့ နောက်ဆုံး အကြောင်းပြန်ချက်မှာ အမှုပိတ်သိမ်းကြောင်း မပါရှိသေးကြောင်း မြန်မာသတင်းမီဒီယာကောင်စီက ဦးမြင့်ကျော်က RFA ကိုပြောပါတယ်။
အီလဲဗင်းသတင်းဌာနနဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကိုယ်စား ညွန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်တို့ကို သတင်း မီဒီယာကောင်စီက ဒီကနေ့ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့က သီခြားတွေ့ဆုံရာမှာ သတင်းမီဒီယာဥပဒေနဲ့အညီ ဒီကနေ့ တရားဝင် တိုင်ကြားတာ လည်းပါပါတယ်။
သတင်းမီဒီယာဥပဒေအရ တရားရုံးက အမှုကိုပိတ်သိမ်းပြီးမှ ညှိနှိုင်းဆွေးနွေးရမယ်လို့ ပါရှိပါတယ်။
အခုချိန်မှာ အမှုကိုမပိတ်သိမ်းသေးတဲ့အတွက် သတင်းမီဒီယာကောင်စီက တရားဝင်လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ Weekly Eleven ဂျာနယ်ကိစ္စကို အရင်ဆုံး သတင်းမီဒီယာကောင်စီကို တိုင်ကြားဖို့ မနေ့က ပြည်ထောင်စုအစိုးရအဖွဲ့က ညွန်ကြားချက် ထုတ်ထားတာဖြစ်ပါတယ်။
Eleven မီဒီယာက မန်နေဂျင်းဒါရိုက်တာ ဦးမြင့်သိန်းက သူတို့သတင်းသမားတွေ သတင်းမီဒီယာ ကျင့်ဝတ်နဲ့အညီ ရေးသားတာဖြစ်ကြောင်းနဲ့ ညှိနှိုင်းဆွေးနွေးရာမှာ တောင်းပန်ဖို့ပါခဲ့ရင် သတင်းသမားတွေနဲ့သာဆိုင်ကြောင်း သတင်းသမားတွေကို ပြောပါတယ်။