ကုလ လုံခြုံရေးကောင်စီ လာရောက်ရေး မြန်မာ သဘောတူ


2018.04.03
gustavo-622.jpg ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဂူစတာဗို မီဇာ ကွာဒရာကို တွေ့ရစဉ်
Photo: webtv.un.org

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မြန်မာနိုင်ငံကို လာရောက်ရေးကိစ္စ မြန်မာဘက်က သဘောတူလိုက်ပြီလို့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ကို သွားခွင့်ရ၊ မရ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အဆိုပြုခဲ့ရာမှာ၊ မြန်မာဘက်က အချိန်မတန်သေးကြောင်း ပြန်ကြားခဲ့ပါတယ်။ အခုတော့ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ် သွားခွင့်ရ၊ မရ အပါအဝင် ခရီးစဉ် အသေးစိတ် မသိရသေးကြောင်း လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ ပီရူးနိုင်ငံ သံအမတ် ဂူစတာဗို မီဇာ ကွာဒရာ က ရခိုင်ပြည်နယ်ကို သိပ်စိတ် ဝင်စားတာပေါ့၊ အဲဒီမှာ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ လက်တွေ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ရ မြင်ရတာထက် ပိုကောင်းတာ ဘယ်ရှိမလဲလို့ ပြောဆိုကြောင်း AFP သတင်းက ဖော်ပြပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာပြည်ခရီးစဉ်ကို  ဗြိတိန်၊ ကူဝိတ်နဲ့ ပီရူး နိုင်ငံဆိုင်ရာ ကုလ သံအမတ်တွေက ကမကထပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စဘဇားက ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့လည်း ပါဝင်ပါတယ်။ ခရီးစဉ် စတင်မယ့်နေ့ရက်ကို မကြေညာသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။