မုံးကိုးမှာ စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်အဖွဲ့ ကြားဖြတ်တိုက်ခိုက်

2021.11.02
မုံးကိုးမှာ စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်အဖွဲ့ ကြားဖြတ်တိုက်ခိုက် ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဥ်
Photo: The Kokang
မြန်မာ - တရုတ်နယ်စပ် မူဆယ်ခရိုင် မုံးကိုးမြို့နယ်အတွင်းမှာ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီ တပ်ယာဉ်တန်းတွေကို နိုဝင်ဘာလ ၂ ရက်နေ့မှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက RFA ကို ပြောပါတယ်။
 
မုံးကိုးနဲ့ ဖောင်းဆိုင်ကြားမှာရှိတဲ့ ကွန်ဒါးနယ်မြေမှာ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြာရေးဌာနက ဖော်ပြထားပါတယ်။
 
နိုဝင်ဘာလ ၁ ရက်နေ့ မနေ့က တစ်ရက်တည်းမှာတင် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေ ၈ ကြိမ်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး ၄ ကြိမ်ကတော့ စစ်ကောင်စီယာဉ်တန်းတွေကို တိုက်ခိုက်ရင်းဖြစ်ပွားတာလို့ ကိုးကန့်တပ်ဖွဲ့
ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
 
တိုက်ပွဲတွေကြောင့် နှစ်ဖက်ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မုံးကိုးမြို့နယ်အတွင်းကို စစ်ကားအစီးရေ ၆၀ ကျော်နဲ့ ပစ္စည်းတွေရော လူအင်အားတွေပါ ဖြည့်တင်း၀င်ရောက်လာတာကြောင့် ကိုးကန့်တပ်ဖွဲ့အနေနဲ့ ကြားဖြတ်တိုက်ခိုက်နေရ တာဖြစ်တယ်လို့ MNDAA က ဆိုပါတယ်။
 
မြန်မာ - တရုတ်နယ်စပ် မုံးကိုးမြို့နယ်ခွဲနဲ့ ပန်ဆိုင်းမြို့နယ်ခွဲအတွင်းမှာ သြဂုတ်လအတွင်းကစလို့ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် အရပ်သား ၂၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရဆဲဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

တောင်သူလယ်သမား AungGyi
2021-11-02 21:49

RFA ကဗျာ
ကျွန်တော်ကတော့ တောင်သူ တစ်ဦးဖြစ်ပါတယ် ကျွန်တော်တို့ တောင်သူတွေ အခုကြုံတွေ့နေရတဲ့အခက်အခဲ့တွေကို ပြောပြချင်ပါတယ်
အဓိက စိုက်ပျိုးတာက CP အစေ့ထုက်ပြောင်းပါ
ယခင်နှစ်က ပြောင်းတစ်ဧက စိုက်ထုက်စရိတ်က
မျိုးစေ့ တစ်ထုပ် =37000
မြေခံ နှစ်အိတ်= 30000
ထွန်ယက်ခ. = 90000
အစေ့ချခက. = 25000
အစာအိတ်ဖိုး=150000
ဓာက်မြေကျွေးခ=15000
အပင်ပြင်စရိတ်= 30000
ရေတင်စရိတ်တစ်ပတ်ခ သုံးသောင်း အနည်းဆုံး သုံးပတ်=30000x3= 90000
ရိတ်သိမ်း = 85000
သယ်ယူစရိတ်= 30000
စုစုပေါင်း တစ်ဧက ကုန်ကျငွေ = 582000
အတိုးမပါ
ကိုယ်ပိုင်ငွေနဲ့ မဟုပ်လို့ ငွေတိုးဆွဲလုပ်ရတဲ့တောင်သူဆိုရင် အတိုးခြောက်လစာထည့်တွက်ရပါတယ်
ယခုနှစ်စရိတ်က မျိုးစေ့က. =6000 တက်ပါတယ်
မြေဆီအိတ်=150000
မြေခံ =6000
ထွန်စရိတ် =15000
ဒီဇယ် =70000
ရိတ်သိမ်းချိန်မပါ =247000ပိုကုန်ပါတယ်
ယခုနှစ် တစ်ဧက စရိတ်က =1000000 လောက်ကျမှာပါ ကျွန်တော်ပြောချင်တာက တောင်သူတွေက ငွေရှာရတာကြပ်တည်းတော့ ကြိုရောင်းပြီး ငွေကို ရှာရတယ်
တင်း တစ်ရာကို (700000/750000/800000)စေျးနဲငွေကို လည်ပတ်ရတယ် လောလောလတ်လတ် ( 250000) အရှုံးပေါ်နေပြီ တောင်သူတွေ ဘယ်လို ဆက်ပြီး ဘဝတွေကို ရပ်တည်မလည်းဗျာ RFA ရယ် သိစေချင်တယ်ဗျာ အားလုံးကို
ခုလို ငွေကို ရှာလိုမလွယ်တဲ့နှစ်မျိုး ဘယ်တုန်းကမှမတွေ့ ကြုံဘူးပါဘူး
ကျွန်တော် ဆိုးရိမ်မိတယ် ကျွန်တော်တို့ တောင်သူ လယ်သမားတွေ ဟိုအရင်က စပါးတွေ ဒိုင်ချ မကြေတော့ နေပူအလှန်းခံရတဲ့စနစ်ကိုပြန်ရောက်လာမလားပေါ့ အမေစု
NLD သာ မရှိရင် အမေစု လုပ်ပေးခဲ့တဲ့ လယ်သမားတွေ
ဒိုင် ပြန်ချရတော့မလား ကျွန်တော်တို့မြန်မာနိုင်ငံကြီးမှာ အဓိက တောင်သူလယ်သမားတွေနဲ့ မျိုးဆက်သစ်တွေ ကိုဘယ်လိုပျိုးထောင်ပေးရမှာလည်း တွေးပြီး
ရင်သွေးတွေ အတွက် ရှေ့ရေးကို ရင်လေးပြီး အိမ်မပျော်ခဲပါဘူးဗျာ
RFA ရယ် ကျွန်တော်တို့ မြန်မာနိုင်ငံကြီး ဖစ်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ကြီး အမြန်ဖြစ်ပြီး အေးချမ်းတဲ့ ဘဝတွေကို အမြန်ပိုင်ဆိုင်နိုင်တဲ့ ညီရင်းအကိုစုံဆည်းခွင့်
တွေရပါစေလို့ ဆုတောင်းရင်း
တောင်သူတွေရဲ့ သောကတွေ အေးချမ်းဖို့ တင်ပြလိုက်ပါတယ်RFAရေ
AungGyi

တောင်သူလယ်သမား AungGyi
2021-11-02 21:51