ရွေ့လျားနေအိမ် အလုံး ၁၅၀ တရုတ်နိုင်ငံကလှူဒါန်း


2013.09.10

ရခိုင်ပြည်နယ်က ပဋိပက္ခ  ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ ပြန်လည်ထူထောင်ဖို့အတွက်ရည်ရွယ်ပြီး တရုတ်နိုင်ငံက Modular House လို့ခေါ်တဲ့ အသင့်ဆောက်လုပ်လို့ရတဲ့ ရွေ့လျားနေအိမ် အလုံးပေါင်း ၁၅၀ ကို ပြီးခဲ့တဲ့ရက်ပိုင်းက ပေးပို့လှူဒါန်းခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ဒီနေ့ ပြောကြားပါတယ်။

အဲဒီအသင့်ဆောက်လုပ်လို့ရတဲ့ ရွေ့လျားနေအိမ်တွေကို ပြည်ထောင်စုအစိုးရကနေတစ်ဆင့် လှူဒါန်းလိုက်တာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေက ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ အဓိက သုံးစွဲဆောက်လုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီ ဥက္ကဌ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက RFA ကို ပြောပါတယ်။

"အစိုးရအဖွဲ့က ရည်ရွယ်ချက်ရှိတာက ဒုက္ခသည်တွေ၊နောက် ရခိုင်တိုင်းရင်းသားကျေးရွာတွေ လိုအပ်တဲ့ ကျန်းမာရေးဆေးခန်းတွေမှာ သုံးဖို့ရှိပါတယ်"

ဒါ့ပြင် ဒီရွေ့လျားနေအိမ်တွေကို သဘာဝဘေးအန္တရာယ်ကျရောက်နိုင်တဲ့ နေရာတွေမှာလည်း မုန်တိုင်းခိုလှုံတဲ့အဆောက်အဦးတွေအဖြစ် ဆောက်လုပ်ပေးသွားဖို့ အစီအစဉ် ရှိတယ်လို့လည်း ဦးလှသိန်းက ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။