မွန်တော်လှန်ရေးနေ့ အခမ်းအနား


2016.08.18
mon-revolutionary-day-620.jpg မွန်ပြည်သစ်ပါတီရဲ့ထားဝယ်ခရိုင် ဝယ်ဇင်းစခန်းမှာပြုလုပ်တဲ့ မွန်တော်လှန်ရေးနေ့ အခမ်းအနားကို သြဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - အောင်နိုင်ဝင်း(ရေး)

၆၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကို  မွန်ပြည်သစ်ပါတီဌာနချုပ်၊ ထားဝယ်ခရိုင် ဝယ်ဇင်းစခန်း အပါအဝင် မွန်ပြည်နယ်က မြို့နယ်တွေမှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ဖန်တီးခွင့်တွေမရသေးသရွေ့ တော်လှန်ရေးမပြီးသေးဘူးဆိုတာ သိစေချင်လို့ အခုလိုကျင်းပတာလို့ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဥက္ကဌ နိုင်အောင်မငေးက ပြောပါတယ်။

"ဒီတော်လှန်ရေးစတာက လူငယ်ကစတာပဲ၊ ကိုယ့်တော်လှန်ရေးကြီးက မပြီးသေးဘူးဆိုတဲ့အကြောင်း လူငယ်တွေရော ပါတီအဖွဲ့အစည်းတွေရော အားလုံးအသိပေးချင်တဲ့အကြောင်းပေါ့၊ တော်လှန်ရေးမပြီးသေးဘူး ဆက်ပြီးသွားရဦးမယ် တန်းတူအခွင့်အရေးမရှိဘူး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်မရှိရင် တော်လှန်ရေးက ဆက်ရှိနေဦးမှာပဲ"

မွန်ပြည်သစ်ပါတီရဲ့ထားဝယ်ခရိုင် ဝယ်ဇင်းစခန်းမှာပြုလုပ်တဲ့ မွန်တော်လှန်ရေးနေ့ အခမ်းအနားမှာ စစ်ရေးပြ အခမ်းအနား ပါဝင်ပါတယ်။

မွန်ပြည်သစ်ပါတီဗဟိုကလည်း ၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆိုထောက်ခံကြောင်းနဲ့ အဲ့ဒီညီလာခံမှာ မွန်အမျိုး သားတွေရဲ့ တောင်းဆိုမှုကို တစ်သံထဲဖြစ်ဖို့အတွက် လာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ မွန်အမျိုးသား ညီလာခံ ကိုလည်း ကျင်းသွားမယ်လို့ မွန်ပြည်သစ်ပါတီက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရအပြီး မြန်မာသက္ကရာဇ် ၁၃၁ဝ ပြည့်နှစ် ဝါခေါင်လပြည့်နေ့ ဘားအံမြို့နယ် ဇာသပြင်ကျေးရွာမှာ ဖဆပလ အစိုးရရဲ့ ကာကွယ်ရေးတပ်ဖွဲ့ထံကနေ လက်နက်တွေသိမ်းယူပြီး မွန်တော်လှန်ရေး စတင်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။