မုတ္တမမြို့ဟောင်း ပြန်တည်ရေး စာတမ်းဖတ်ပွဲ ပြုလုပ်


2013.11.10

မွန်ပြည်နယ်က မွန်ဘုရင်တွေ နန်းတည်ခဲ့တဲ့ မုတ္တမမြို့ဟောင်းကို ပြန်လည်တည်ဆောက်ရေးအတွက် သုတေသနစာတမ်းဖတ်ပွဲ တစ်ရပ်ကို မုတ္တမ အထက်တန်းကျောင်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

အဲဒီစာတမ်းဖတ်ပွဲ  နဲ့ပတ်သက်ပြီး မွန်ပြည်နယ် စီးပွားရေးနဲ့ စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက အခုလို ပြောပါတယ်။

"မုတ္တမမြို့ဟောင်းကို ရှေးဟောင်းယဉ်ကျေးမူနယ်မြေ အဖြစ် ပြန်လည်တည်ဆောက်ဖို့ရည်ရွယ်တာပါ။အော က် မြန်မာပြည် ရှေးဟောင်းသုတေသန ဌာနကလည်း သူ့အကြောင်းကြောင့် လုပ်နိုင်ခဲ့တာ မရှိဘူး။ကျွန်တော်တို့က သူတို့ကို စောင့်နေရင်လည်းကြာမယ်ဆိုတော့ ပြီးမှ ဥပဒေအတိုင်း သူတို့နဲ့ ပြန်လည်ညှိနှိုင်းလိုက်မယ်လေ"

အခမ်းအနားကို ပြည်နယ်အစိုးရတာဝန်ရှိသူတွေ လူ၂၀၀ ကျော် တက်ရောက်ခဲ့ပြီး မုတ္တမမြို့သမိုင်းနဲ့ပတ်သက်တဲ့ စာတမ်း ၅ စောင် ဖတ်ကြားခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။