သံဃာ့တပ်ပေါင်းစုမှ ရဟန်းတော်များ နယ်သာလင် အစိုးရ အရာရှိကြီးများနှင့်ဆွေးနွေး
2011.03.29

အဲဒီလို တွေ့ဆုံရာမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အရှင်သောပါကက ခုလို ပြောပြပါတယ်။
“ဦးဇင်းတို့ အဓိက တင်ပြတာကတော့ ဒီ ပင်လုံညီလာခံကို ဝိုင်းပြီးတော့ နိုင်ငံတကာအနေနဲ့ ထောက်ခံပေးဖို့၊ ပင်လုံညီလာခံ အကြောင်း ပြောတဲ့အခါကျတော့ တော်တော်လေး သူတို့ စိတ်ဝင်စားတယ်။ အဲဒါကို သူတို့ အီးယူမှာလည်း ဒီကိစ္စကို အဓိက ပြောမယ်ဆိုပြီးတော့ သူတို့ ပြောတာ ရှိတယ်။ နောက်ပြီးတော့ ဒီ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စကိုလည်း ဦးဇင်းက အဲဒါလည်း ပြောတယ်ပေါ့။”
ရွှေဝါရောင်တော်လှန်ရေး အတွင်း ဖမ်းဆီးခံရတဲ့ သံဃာတော်တွေ ပြန်မလွှတ်သေးတဲ့ ကိစ္စ ၊ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ ဆက်လက် ထားရှိရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
နယ်သာလင်နိုင်ငံ အရာရှိကြီးများရဲ့ ပြန်လည် ဆွေးနွေးချက်ကိုလည်း အရှင်ကောဝိဒက အခုလို ရှင်းပြပါတယ်။
“Sanction လို့ ခေါ်တဲ့ စီးပွားရေး ပိတ်ဆို့မှုကိုကျတော့ သူတို့ ဆက်ပြီးတော့ ထားမယ်ဆိုတဲ့အကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုဟာ လိုအပ်နေသေးတယ် ဆိုတဲ့အကြောင်း သူတို့ ပြောတယ်။ ပြောပြနိုင်တဲ့ဖက်က အားလုံးကို အတွင်းအပြင် အားလုံး အတိုက်အခံတွေနဲ့ရော နအဖနဲ့ရော အကုန်လုံး သူတို့ ဒီမိုကရေစီ ရရှိရေးအတွက် နည်းလမ်းပေါင်းစုံကနေပြီးတော့ သူတို့ တတ်နိုင်သရွေ့ ကြိုးစားပါမယ် ဆိုတဲ့အကြောင်း သူတို့ ပြောတယ်။”
အဲဒီဆွေးနွေးပွဲကို နယ်သာလင်နိုင်ငံဖက်က လူ့အခွင့်အရေးဌာန အကြီးအကဲ Mr. Lionel Veer နဲ့ မူဝါဒ ရေးရာ အကြီးတန်းအရာရှိ Miss Monique Muller van Leenen တို့ တက်ရောက်ခဲ့ပြီး မြန်မာ ရဟန်းတော်များနဲ့အတူ မြန့်မာ့အရေး လှုပ်ရှားသူ နယ်သာလင်နိုင်ငံသူ Miss Elke Kuijper လည်း တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။