မုံရွာ ဗကသ ခေါင်းဆောင်တစ်ဦး ကလေးမြို့ နေအိမ်မှာ အဖမ်းခံရ


2020.09.18
linn-thura-ko-622.jpg ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မုံရွာခရိုင်က အထွေထွေအတွင်းရေးမှူး ကိုလင်းသူရကို ကိုတွေ့ရစဉ်
Photo: Linn Thura Ko Facebook

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မုံရွာခရိုင်က အထွေထွေအတွင်းရေးမှူး ဖြစ်သူကို ကလေးမြို့က သူ့ရဲ့နေအိမ်မှာ စက်တင်ဘာ ၁၇ ရက် မနေ့က ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

မုံရွာမြို့မ ရဲစခန်းမှာ အထိန်းသိမ်းခံထားရတဲ့ ကိုလင်းသူရကိုက သူ့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ၊  ၅၀၅ ( ခ) ဖမ်းဝရမ်းနဲ့ ဖမ်းဆီး ထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

အရေးယူမှုနဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းကို မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

မုံရွာခရိုင် ဗကသကျောင်းသားတွေဟာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ တောင်းဆိုချက်တွေနဲ့အတူ ရပ်တည်တဲ့ စတစ်ကာကပ်တဲ့ လှုပ်ရှားမှုကို အခုလ ၁၄ ရက်နေ့က မုံရွာမြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။

သူတို့ရဲ့ တောင်းဆိုချက်တွေထဲမှာ "ပြည်တွင်းစစ်ကို ဆန့်ကျင်ကြ၊ ဖမ်းဆီးခံကျောင်းသားတွေ ချက်ခြင်းလွှတ်ပေး၊ ရခိုင်ပြည်မှာ 4G Internet ပြန်ဖွင့်ပေးရေး" ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

မိတ္ထီလာတက္ကသိုလ် ကျောင်းသားသမဂ္ဂက အထွေထွေ အတွင်းရေးမှူးနဲ့ အဝေးသင်တာဝန်ခံတို့လည်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ပြီးခဲ့တဲ့နှစ်ရက်က ဖမ်းဆီးခံထားရပြီး မိတ္ထီလာ အကျဉ်းထောင်မှာ  ရောက်ရှိနေတယ်လို့ ဗကသများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မန္တလေးမှာ လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ဗကသ ကျောင်းသားတွေကိုလည်း ရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။