၂၀၂၃ ပထမ ငါးလအတွင်း နေအိမ် နှစ်သောင်းကျော် မီးရှို့ခံရ

RFA Burmese
2023.06.15
၂၀၂၃ ပထမ ငါးလအတွင်း နေအိမ် နှစ်သောင်းကျော် မီးရှို့ခံရ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ရေအေးကုန်းရွာရှိ နေအိမ်များ မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က တွေ့ရစဉ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ နိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း နှစ်သောင်းကျော် (၂၁,၃၅၃ အိမ်) ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar က ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

ငါးလအတွင်း မီးရှို့ခံရတဲ့ ဒီအရေအတွက်ဟာ ၂၀၂၁ ခုနှစ် တစ်နှစ်လုံးအတွင်း မီးရှို့ခံခဲ့ရတဲ့ အိမ် နှစ်ထောင်နီးပါး (၁,၉၄၆ အိမ်) ထက် ၁၁ ဆနီးပါး များပြားနေတာပါ။

၂၀၂၃ ခုနှစ် ငါးလအတွင်း စစ်ကိုင်းတိုင်းထဲက အိမ် တစ်သောင်းခြောက်ထောင်ကျော် (၁၆,၆၃၆ အိမ်)၊ မကွေးတိုင်းက နေအိမ် နှစ်ထောင်နီးပါး (၁,၈၄၀ အိမ်)၊ ချင်းပြည်နယ်က အိမ် တစ်ရာ့ငါးဆယ်ကျော် (၁၆၄ အိမ်) မီးရှို့ခံခဲ့ရပြီး ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကလွဲလို့ ကျန်ဒေသတွေ ပါဝင်ပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့ဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ ၂၀၂၃ မေလအထိ မီးရှို့ခံရမှု စာရင်းတွေတိုင်းမှာ ထိပ်ဆုံးက အများဆုံးဖြစ်နေတဲ့ တိုင်းနဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ အရပ်သား နေအိမ်တွေကို မီးရှို့တာမျိုး မလုပ်ဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။