အမေ့အိမ် ကျောင်းသစ် ဆက်လက် ဆောက်ခွင့်မရ
2011.08.26

www.nldburma.org
ဒီကိစ္စနဲ့ ပတ်သက်လို့ မြေပိုင်ရှင် ဖြစ်တဲ့ ဒေါ်ဥမ္မာက RFA ကို အခုလိုပြောပါတယ်။
“ဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူးကနေ ကျမတို့ကို ဆက်ဆောက်ခွင့် မပေးဘဲနဲ့ ဆက်ပြီး ဆောက်မယ်ဆိုရင် စည်ပင်သာယာ ဥပဒေအရ တရားစွဲဆိုခြင်း ခံရမယ်ဆိုပြီးတော့ ကျမ လက်မှတ် ထိုးပေးခဲ့ရတယ်။ ပထမတော့ ကျမတို့က အကူအညီပေးပါဆိုပြီးတော့ အကူအညီ တောင်းတဲ့အခါ မြေပိုင်ဆိုင်မှု အထောက်အထား အကုန်ပေးပါ ဆိုလို့ ပေးပါတယ်။ အဲဒီ အထောက်အထားတွေ အပြင် မှတ်ပုံတင်မိတ္တူတောင်းတယ်။ ကျမက အကုန် ပေးလိုက်တယ်။ နောက်ကျတော့ သူတို့က အကူအညီမပေးဘဲ ဆက်ဆောက်ရင် တရားစွဲမယ်လို့ ပြောတယ်”
အဲဒီ ရပ်ကွက်မှာ မူလတန်းကျောင်း မရှိတဲ့အတွက် ကလေးတွေက တခြား ရပ်ကွက်က ကျောင်းကို သွားတက် နေရသလို အဲဒီ ကျောင်းမှာလဲ သင်ကြားမှု အထောက်အကူ လိုအပ်ချက်တွေ အမြောက်အမြား ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် စေတနာရှင်တွေနဲ့ ဒေါ်ဥမ္မာတို့က ကျောင်းတကျောင်း ဖြစ်လာအောင် အကောင်အထည်ဖော် နေတာလို့ ပြောပါတယ်။
“ကလေးတွေက ဒီကပ်လျက် ရပ်ကွက်မှာ ဘုန်းတော်ကြီးသင် စာသင်ကျောင်း ရှိတယ်။ အဲဒါကလည်း လယ်ကွင်းထဲက ဖြတ်ပြီးတော့ သွားသင် ရတာ။ အဲဒီမှာ ရေ မီးမရှိဘူး။ ကျမတို့က ဒီမှာ ကျောင်းလာ ဆောက်တာ ဒီဒေသ ဖွံ့ဖြိုးမှု အတွက် လုပ်တာပါလို့ သေသေချာချာ ရှင်းပြ ပြီးတော့မှ အကူအညီ တောင်းတာ ဒါပေမယ့် အုပ်ချုပ်ရေးမှူးက ကျမတို့နဲ့ လုံးဝကို မတွေ့ဘူး”
အခုလို အခြေအနေကြောင့် ၁၆ ပေ၊ ပေ ၄၀ စာသင်ကျောင်း ဆောက်နေ တာပါ။ ဒီအပေါ်မှာ တရားစွဲမယ် ဆိုရင်လဲ ရင်ဆိုင် သွားမယ်လို့ ဒေါ်ဥမ္မာက ပြောပါတယ်။