ဆေးယဉ်ပါးတီဘီရောဂါ ကို ဆေးဝါးသစ်နှစ်မျိုး နဲ့ အောင်အောင်မြင်မြင် ကုသနိုင်ခဲ့


2017.04.06
မတ်လ ၂၄ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့မှာ ပုံမှန်ဆေးဝါးတွေနဲ့ ကုသမရနိုင် တဲ့ ဆေးယဉ်ပါးတီဘီ ရောဂါအတွက် MSF နယ်စည်းမထားဆရာဝန်များအဖွဲ့ဟာ အမျိုးသားတီဗီတိုက်ဖျက်ရေး NTP အဖွဲ့နဲ့ ပူးပေါင်းပြီး ဆေးဝါးအသစ်နှစ်မျိုးနဲ့ အောင်အောင်မြင်မြင် ကုသနိုင်ခဲ့တယ်လို့ မြန်မာ-တီဗီလူနာတွေ အတွက် မျှော်လင့်ချက်အသစ်ဆိုတဲ့ ခေါင်းစဉ်နဲ့ နယ်စည်းမထားဆရာဝန်များအဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။

တီဗီရောဂါ ဖြစ်ပွားမူဟာ နှစ်စဉ် ကမ္ဘာပေါ်မှာ လူ၉သန်းကျော်အသစ်ဖြစ်ပွားပြီး ရောဂါကြောင့် ၂သန်းနီးပါး သေ ဆုံးခဲ့ရပါတယ်။ မြန်မာနိုင်ငံဟာ တီဘီရောဂါနဲ့ အတူ ဆေးယဉ်ပါးတီဘီဖြစ်ပွားမှု များပြားတဲ့နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးယဉ်ပါးတီဗီအတွက် bedaquiline နဲ့ delamanid တို့ဟာ သင့်လျော်တဲ့ဆေးဝါးတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ဆေးယဉ်ပါး တီဘီရောဂါဝေဒနာရှင် ၂%ပဲ ဆေးအသစ်ကို အသုံးပြုခွင့်ရရှိ ပါတယ်။

နယ်စည်းမထားဆရာဝန်များအဖွဲ့ဟာ မြန်မာနိုင်ငံမှာ တီဘီရောဂါကို HIV ရောဂါ နဲ့ တွဲဖက် ဖြစ်ပွားမှုတွေ ကြုံတွေ့ ရတဲ့ စိန်ခေါ်မူများကို သတ်မှတ်ဖေါ်ထုတ်နိုင်ဘို့ HIV ရောဂါကုသမှုစီမံကိန်းမှာ တီဘီကုသတာကို တစိတ်တပိုင်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ လက်ရှိ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ HIV လူနာတွေကို အခမဲ့တီဘီရောဂါရှာဖွေ စမ်းသပ်မှု၊ ကုသမှုနဲ့ ဆွေးနွေးတာမျိုးတွေ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ အလားတူ ရန်ကုန်တိုင်းမှာလည်း HIV နဲ့ဆေးယဉ်ပါးတီဘီ ဝေဒနာရှင် ၁၆၀၀၀ ကျော်ကို ကုသသပေးလျက်ရှိတယ် လို့ သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။