ဘားအံမှာ ဘာသာပေါင်းစုံဆွေးနွေးပွဲ ကျင်းပ


2013.09.03

ဘာသာပေါင်းစုံ ြငိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့ ကံသာဦးခန်းမမှာ ဒီနေ့ နေ့လည်ပိုင်းက ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပါတယ်။

ဘာသာပေါင်းစုံ ယှဉ်တွဲနေထိုင်ဖို့ရည်ရွယ်ချက်နဲ့ မူဝါဒလမ်းစဉ်တွေချမှတ်ဖို့ အသေးစိတ် ဆွေးနွေးသွားဖို့ရှိတယ်လို့ ဘားအံမြို့ ကြားတောရဆရာတော် ဦးစန္ဒာဝရက RFA ကို အခုလို မိန့်ကြားပါတယ်။

“ဘာသာပေါင်းစုံက ခေါင်းဆောင်တွေပါပါတယ်၊ ခရစ်ယာန်အဖွဲ့က သာသနာရေးမှူးတွေအပါအဝင် သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေပါပါတယ်၊ လောလောဆယ် ချစ်ကြည်ရေး တည်ဆောက်ဖို့အတွက် ဦးတည်ပြီးတော့ ဆွေးနွေးတာပါ၊ တခြားကျယ်ကျယ်ပြန့်ပြန့်တော့ မဆွေးနွေးရသေးဘူး၊ ၁ဝ ဦးကော်မတီအနေနဲ့ မူကြမ်းအားဖြင့် ဖွဲ့လိုက်တာရှိတယ်၊ အတူတကွ ယှဉ်တွဲနေထိုင်ဖို့အတွက် မူဝါဒလမ်းစဉ်တွေချမှတ်ပြီး အသေးစိတ်စဆွေးနွေးဖို့ရှိပါတယ်”

ဒီနေ့ဆွေးနွေးပွဲမှာ ဘာသာခြားတွေအကြား တစ်ဦးနဲ့တစ်ဦး သံသယတွေ၊ အမြင်မကြည်တာတွေကိုလျော့ချပြီး အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ဆိုတဲ့အချက်ကို အဓိထားဆွေးနွေးခဲ့တယ်ို့ သိရပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို သံဃာတော်တွေအပြင် ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူဘာသာရေးခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

လာမယ့် စက်တင်ဘာလ ၁ဝ ရက်နေ့မှာ လုပ်ငန်းစဉ်ချမှတ်ို့ ဆွေးနွေးသွားမယ်ို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။