မုန်လိုင်ခက်တိုက်ခိုက်ခံရမှု အမေရိကန်ပြစ်တင်ရှုတ်ချ

RFA Burmese
2023.10.11
မုန်လိုင်ခက်တိုက်ခိုက်ခံရမှု အမေရိကန်ပြစ်တင်ရှုတ်ချ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas- Greenfield အား နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။
YUKI IWAMURA / AFP

ကချင်ပြည်နယ် မုန်လိုင်ခက်ရွာ စစ်ဘေးဒုက္ခသည်စခန်းကို မြန်မာစစ်ကောင်စီက အောက်တိုဘာ ၉ ရက်က တိုက်ခိုက်တာကို အမေရိကန်ပြည်ထောင်စုက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

အဲဒီလိုတိုက်ခိုက်တဲ့အတွက် ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူတွေစခန်းက အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူတွေ သေဆုံးရ၊ ထိခိုက်ဒဏ်ရာရ ရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas- Greenfield က အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

ခုဒီလို စစ်ကောင်စီက နောက်ဆုံးတိုက်ခိုက်တဲ့ဖြစ်ရပ်ဟာ လူ့ အသက်ကိုတန်ဖိုးမထား၊ မလေးစားတဲ့ နောက်ဥပမာတစ်ခု ဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ထက်ကျော်လွန် အရေးယူဆောင်ရွက်ဖို့ လိုအပ်တာကို မီးမောင်းထိုး ပြတာပဲလို့ ဖော်ပြထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့နဲ့ သုံးမိုင်လောက်အကွာမှာ ရှိတဲ့ မုန်လိုင်ခက်ရွာက ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူတွေစခန်းကို စစ်ကောင်စီက တိုက်ခိုက်တဲ့ သတင်းတွေကြောင့် အထူးစိုးရိမ်ရကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မနေ့က ပြောကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။