မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ရွေးကောက်ပွဲ သုံးကြိမ်ဆက်တိုက်နိုင်


2020.11.09
mup-vice-chairman-622.jpg မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး။
Photo: MUP/Facebook

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ မွန်ညီညွတ်ရေးပါတီ MUPနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDPတို့ အားပြိုင်မှုပြင်းထန်ခဲ့တဲ့ကြားက လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက အနိုင်ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ၊ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒေါက်တာအောင်နိုင်ဦးက အနိုင်ရရှိခဲ့ပြီး လက်ရှိကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်နဲ့ ယှဉ်ပြိုင်ပြီး ထပ်မံအနိုင်ရရှိခဲ့ပါတယ်။

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှာ မွန်ညီညွတ်ရေးပါတီ MUP က ဒေါက်တာအောင်နိုင်ဦး ၁၅၄၇၇ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက ဦးမင်းကျော်လွင် ၁၃၉၈၉ မဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP က ဒေါ်ရွှေသဇင် ၅၄၃၀ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးလွန်ရွှေက ၉၃၉ မဲ အသီးသီးရရှိခဲ့ကြတာပါ။

ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂)မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးသက်ထွန်း ၃၄၅၈၆ မဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP က ဦးအောင်ကြည်သိန်း ၉၈၃၀ မဲ၊ မွန်ညီညွတ်ရေးပါတီ MUPက ဦးငွေဝင်း ၂၉၇၂ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးအောင်ငွေ ၂၆၈ မဲနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက စောအောင်နိုင်လင်း ၂၈၉ မဲ အသီးသီးရရှိခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော် အမှတ်(၂)မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက ဦးလင်းတင်ဌေး ၃၈၁၈၃ မဲ၊ မွန်ညီညွတ်ရေးပါတီ MUP က ဦးသန်းနိုင် ၁၈၃၃၃ မဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP က ဒေါ်ဝေဝေ ၁၅၃၇၄ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးသန်းဌေး ၈၁၆ မဲနဲ့ နိုင်ဝင်းထွဋ်(တစ်သီးပုဂ္ဂလ) ၂၇၄ မဲ အသီးသီးရရှိခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော်မှာဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဒေါ်မိချိုသဲ ၃၇၈၉၃ မဲ၊ မွန်ညီညွတ်ရေးပါတီ MUP က ဦးစောလင်းအောင် ၁၈၆၁၈ မဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDPက ၁၅၃၁၆ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးနိုင်နိုင်ဝင်း ၆၈၂ မဲ အသီးသီး ရရှိခဲ့ကြပါတယ်။

ချောင်းဆုံမြို့နယ်မှာ နိုင်ငံရေးပါတီ လေးခုနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲပေးခွင့်ရှိသူ ၁၃၀၀၀၀ ကျော် ရှိခဲ့ပါတယ်။

----------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။