ရေးမြို့နယ်မဲဆန္ဒနယ်အားလုံးမှာ မွန်ညီညွတ်ရေးပါတီ အနိုင်ရ


2020.11.09
mup-campaign-622.jpg ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာ မွန်ညီညွတ်ရေးပါတီဝန်းရံသူတွေ အင်အားပြမဲဆွယ်ခဲ့စဉ်
Photo- Min Khine Soe Lin/RFA

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မဲဆန္ဒနယ် ၅ နေရာလုံးမှာ မွန်ညီညွတ်ရေးပါတီ MUPက မဲအပြတ်သတ်နဲ့ အနိုင်ရရှိခဲ့တယ်လို့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန် ပါတယ်။

မဲဆန္ဒနယ်အားလုံးမှာ မဲအပြတ်အသတ်နဲ့ အောင်နိုင်ခဲ့တာဖြစ်ပြီး ဒုတိယအများဆုံး မဲရတဲ့ပါတီကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ရေးမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)မှာ မွန်ညီညွတ်ရေးပါတီ MUPက ဦးခင်စိုး(ခ) နိုင်ခင်စိုး ၃၀၇၄၀ မဲ၊ NLD က ဦးသက်နိုင် ၁၇၇၂၁ မဲ၊ USDPက ဒေါ်ပိုးဇာသွင် ၄၂၇၇ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးထွန်းမြင့် ၇၂၄ မဲ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက ဒေါ်မြင့်ဝင်း ၂၆၃ မဲ အသီးသီးရရှိခဲ့ကြပါတယ်။

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)မှာ မွန်ညီညွတ်ရေးပါတီ MUPက မင်းအောင်ထူး ၃၂၉၇၇ မဲ၊ NLD က ဦးကျော်မိုးအေး ၃၀၀၈၇ မဲ၊ USDPက ဦးကျော်သူရ ၅၆၈၁ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးရဲသီဟထွန်း ၂၁၉ မဲ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက ဒေါ်သီတာခင်ကျော် ၆၈ မဲ အသီးသီး ရရှိခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော် အမှတ် (၆)မှာ မွန်ညီညွတ်ရေးပါတီ MUPက နိုင်သီဟ ၂၅၈၈၁ မဲ၊ NLDက ဦးမြသောင်း ၁၆၀၄၈ မဲ၊ USDPက စောဖိုးချစ် ၄၀၁ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးဟန်စိန် ၃၅၁ မဲ၊ ဦးအောင်နိုင်ဝင်း (တစ်သီးပုဂ္ဂလ) ၁၁၅၈ မဲ၊ ဦးဗညာအောင်ခိုင် (တစ်သီးပုဂ္ဂလ) ၁၄၃၇ မဲ၊ နိုင်အောင်မျိုး (တစ်သီးပုဂ္ဂလ) ၄၇၃၈ မဲ အသီးသီးရရှိခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော် အမှတ် (၇)မှာ NLDက ဒေါ်အိအိ ၃၀၁၈၄ မဲ၊ မွန်ညီညွတ်ရေးပါတီ MUPက မိလဝီဟန် ၃၂၅၈၈ မဲ၊ USDPက ၅၃၇၁ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးဝင်းမောင် ၂၃၅ မဲ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးစိုးထိုက် ၂၆၀ မဲ၊ ဦးအောင်ဆန်းဦး(တစ်သီးပုဂ္ဂလ) ၁၀၈ မဲ အသီးသီးရရှိခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော်မှာ မွန်ညီညွတ်ရေးပါတီ MUPက ဒေါက်တာဗညာအောင်မိုး ၆၂၈၃၈ မဲ၊ NLDက ဦးမျိုးဝင်း ၄၈၃၀၃ မဲ၊ USDPက ဒေါ်မြင့်မြင့်ကြူ ၉၇၈၅ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဦးနီဝင်း ၉၅၅ မဲအသီးသီးရရှိခဲ့ကြပါတယ်။

ရေးမြို့နယ်မှာ နိုင်ငံရေးပါတီ ၆ ပါတီနဲ့ တစ်သီးပုဂ္ဂလ လေးဦးတို့က ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲရုံ ၁၃၀ ရုံရှိပြီး မဲပေးခွင့်ရှိသူ ၂၃၅၄၇၀ ဦးရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော် တစ်နေရာကို မွန်အမျိုးသားပါတီက အနိုင်ရရှိခဲ့ပြီး ကျန်တဲ့ လေးနေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အောင်နိုင်ခဲ့တာပါ။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။