မူဆယ်ခရိုင်အတွင်း တိုက်ပွဲကြောင့် ရွာသားနှစ်ရာကျော် ထွက်ပြေးနေရ
ကံသာ
2020.09.15
2020.09.15

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မန်ကောင်းကျေးရွာအနီး တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တိုက်ပွဲကြောင့် ဒေသခံ ၂၀၀ ကျော်ဟာ သူတို့ရွာနဲ့ မိုင်နှစ်ဆယ်ကျော်ဝေးတဲ့ ကျူကုတ် (ပန်ဆိုင်း)လမ်းပေါ်မှာရှိတဲ့ မန်ပြိန်းရွာ ကချင်ဘုရားကျောင်းနဲ့ ဆွေမျိုးအိမ်တွေမှာ သွားရောက်ခိုလှုံနေရပါတယ်။
စက်တင်ဘာ ၁၁ ရက် နေ့ကတည်းက ထွက်ပြေးလာကြတာဖြစ်ပြီး ဘုရားကျောင်းမှာ ခိုလှုံနေသူ ၂၂၈ ယောက် ရှိတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့ ဒီကနေ့မနက်အထိ နေရပ်ရင်းဘက်က ပစ်ခတ်သံတွေကို ကြားနေရတာကြောင့် အိမ်ပြန်ကြဖို့မဖြစ်နိုင်သေးဘူလို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ မန်ပြိန်းကျေးရွာ အုပ်ချုပ်ရေးမှူး ကိုထန်နောင်က ပြောပါတယ်။
နေရပ်ပြန်ရေးခက်နေတဲ့ ဒုက္ခသည်တွေ စားသောက်ရေးအတွက် ဆန်၊ ဆီ၊ ဆား အပါအဝင် ရိက္ခာလိုအပ်နေ တယ်လို့ ပြောပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အခုလ ဆယ်ရက်နေ့မှာ မုံးစီး မုံးကျက်ဒေသတွေမှာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ MNDAA ကိုးကန့်ပူးပေါင်းအဖွဲ့တွေနဲ့ တပ်တော်တို့ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်လို့ ပြောပါတယ်။
အခုလ ဆယ့်တစ်ရက်နေ့မှာတော့ မုံပေါ်အောက်ဝကျေးရွာနားမှာ TNLA နဲ့ KIA ပူးပေါင်းအဖွဲ့လို့ ယူဆရတဲ့ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ သြဂုတ်လအကုန်နဲ့ စက်တင်ဘာလဆန်းပိုင်းမှာ ကွတ်ခိုင်၊ မုံးစီး၊ လားရှိုး၊ မူဆယ်၊ နမ့်ခမ်းမြို့နယ်တွေတဝိုက် တပ်မတော်ဘက်က စစ်အင်အားတွေ ပိုမိုတိုးချဲ့ လာသလို ထိုးစစ်ဆင်မှုတွေ ပိုများလာတယ်လို့ပြောပါတယ်။
အခုလ ၁၀ ရက်နေ့မှာ ကွတ်ခိုင်မုံးစီးတဝိုက်နဲ့ လားရှိုး၊ တန့်ယန်း အစပ်နေရာတွေမှာ တိုက်ပွဲတွေရှိခဲ့ပြီး မူဆယ်မြို့နယ်အတွင်း တိုက်ပွဲအခြေအနေကိုတော့ မသိသေးဘူးလို့ ပြောပါတယ်။