ပြန်လည်ထူထောင်ရေးအတွက် အဆင်သင့်လို့ ကုလ အဖွဲ့တွေ ကြေညာ


2018.09.07
maungtaw-station-622.jpg တောင်ပြိုလက်ဝဲက လက်ခံရေးစခန်းကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်က ကျေးရွာ ၂၃ ရွာမှာ ပြန်လည်ထူထောင်ရေးအတွက် လေ့လာဆန်းစစ်မှုတွေကို ကွင်းဆင်းစတင်ရန် အဆင့်သင့်ဖြစ်နေပြီလို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်တွေက ဂျနီဗာမြို့မှာ စက်တင်ဘာလ ၇ ရက်နေ့ မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာအစိုးရနဲ့ အဲဒီ ကုလအဖွဲ့အစည်း ၂ ခုအကြား နားလည်မှုစာချွန်လွှာလက်မှတ်ထိုးပြီး ၃ လအကြာမှာ အခု လိုကြေညာခဲ့တာဖြစ်ပါတယ်။ အခုပြုလုပ်မယ့် လေ့လာစိစစ်မှုတွေဟာ ကနဦးအဆင့်သာဖြစ်ပြီး ပိုမိုကျယ်ပျံ့စွာ တိုးချဲ့လုပ်ဆောင်ဖွယ်ရှိကြောင်း၊ ကုလဝန်ထမ်းတွေအနေနဲ့ မြန်မာအစိုးရရဲ့ ခွင်ြ့ပုချက်ကိုရရှိတာနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ချက်ချင်းစတင်ဆောင်ရွက်ကြမှာဖြစ်ကြောင်း၊ မိမိတို့ ကုလအဖွဲ့အစည်းတွေအနေနဲ့ ဒေသခံ ရခိုင်ပြည်နယ်လူထုရဲ့ယုံကြည်မှုနဲ့ ခင်မင်မှုတွေ ပြန်လည်ရရှိရေးအတွက် မြန်မြန်ဆန်ဆန် ဆောင်ရွက် လိုကြောင်း စသဖြင့် ဂျနီဗာ ကလာတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။