အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တိုက်တွန်း

RFA Burmese
2024.04.18
အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တိုက်တွန်း ၂ဝ၂၄ ခုနှစ် မတ်လ ၅ ရက်နေ့က ဩစတြေးလျနိုင်ငံ၊ မယ်လ်ဘုန်းမြို့တွင် ကျင်းပသည့် အာဆီယံညီလာခံတက်ရောက်လာသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ။
Photo: Reuters

မြန်မာနယ်စပ်က အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ဧပြီ ၁၈ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်မှာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့က တိုက်ပွဲတွေနဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဖော်ပြထားပါတယ်။

ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုအားလုံး ရပ်တန့်ဖို့၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာဖို့နဲ့ အရပ်သားတွေရဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ အစီအမံအားလုံးကို လိုက်နာဖော်ဆောင်ဖို့ သက်ဆိုင်သူအားလုံးကို တိုက်တွန်းထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ သင်္ဃန်းညီနောင်ဗျူဟာကုန်းနဲ့ မြို့စောင့်တပ် ခလရ (၂၇၅) တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းသိမ်းပိုက်ထားတာကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး ထိုင်းနိုင်ငံဘက်ခြမ်းကို မြဝတီမြို့က အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

အဲဒီနယ်စပ်က တိုက်ပွဲတွေ၊ မတည်ငြိမ်မှုတွေကြောင့် ထိုင်းစစ်တပ်ကလည်း နယ်စပ်လုံခြုံရေးကို တင်းကျပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။