တရုတ် - မြန်မာ ပြည်သူချင်း ဆက်ဆံရေး တိုးမြှင့် ဖို့ ပြန်ကြားရေးဝန်ကြီး တိုက်တွန်း


2014.11.09
uyehtut-305.jpg ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ပုံ
Photo: U Ye Htut Facebook

ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေအပေါ် တရုတ်ပြည်ရဲ့ သံခင်းတမန်ခင်း ဆက်ဆံရေးဟာ ဒေသတခွင်လုံးရဲ့ ဘက်ပေါင်းစုံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကို ဖြည်းဖြည်းမှန်မှန် တိုးတက်လာအောင်ကျေး ဇူးပြုနေတယ်လို့ သမ္မတရဲ့ပြောခွင့် ရသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောဆိုကြောင်း တရုတ်အစိုးရ China Daily သတင်းကဖေါ်ပြပါတယ်။ ဆင်ဝှာသတင်း ဌာနက တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုခဲ့တာပါ။

တရုတ် - မြန်မာဆက်ဆံရေး၊ တရုတ်နဲ့ အာဆီ ယံနိုင်ငံတွေကြား ဆက်ဆံရေးဟာလည်း အရှိန် အဟုန် မြင့်မားလာနေကြောင်း၊ သမ္မတ ဦးသိန်းစိန် ဟာလည်း သမ္မတတာဝန်ယူပြီးချိန်ကစလို့ အလည် အပတ်သွားရောက်တဲ့ အကြိမ်အများ ဆုံးနိုင်ငံဟာ တရုတ်ပြည်ဖြစ်ပြီး၊ အခုထိ အလည်အပတ် ၆ ကြိမ် သွားရောက်ခဲ့ပြီးဖြစ်ကြောင်း၊ ဒါပေမဲ့ အပြန်အလှန် ဆက်ဆံရေးတွေမှာ ပြဿနာတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတာတွေရှိကြောင်း၊ ဒါကလည်း တချို့နိုင်ငံတွေက တရုတ်ပြည်ရဲ့ ငြိမ်းငြိမ်းချမ်းချမ်း တိုးတက်ဖွံ့ဖြိုးနေတာနဲ့ ပတ်သက်ပြီး၊ မဟုတ်မမှန်လုပ်ကြံစွပ်စွဲနေ တာတွေကြောင့်ဖြစ်ကြောင်း၊ ဒါတွေကို ရင်ဆိုင်နိုင်ဖို့ အစိုးရနှစ်ရပ်ကြား ဆက်ဆံနေရုံနဲ့ မလုံလောက်ပဲ၊ ပြည် သူနှစ်ရပ်ကြား ထိတွေ့ဆက်ဆံမှုတွေ အားကောင်းလာအောင် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်၊

ဒါ့အပြင် တရုတ်ပြည်က အဆိုပြုထားတဲ့ ၂၁ ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမကြီး အကောင်အထည်ဖေါ်ရေးဟာ တရုတ်ပြည်အတွက်သာမက ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးကြီးတာကြောင့် မြန်မာနိုင်ငံက အပြည့်အ၀ အားပေးထောက်ခံကြောင်း၊ တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက်ပြဿနာနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေအားလုံး ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြဖို့ ဒေသတွင်း တင်းမာမှုတွေလျော့နည်း သွားအောင် ဆောင်ရွက်ကြစေချင်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောဆိုခဲ့တယ်လို့ China Daily သတင်းက ဖေါ်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။