ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ လူနာ ၁၁ဝဝ ကျော် ရှိလာ


2020.09.03
ygn-mask-622.jpg ရန်ကုန်မြို့မှာ နှာခေါင်းစည်းတပ် သွားလာနေသူတွေကို ၂၀၂၀ သြဂုတ် ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: Nay Myo Htun/RFA

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာသစ် ( ၅၃ ) ယောက် ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၃ ရက်နေ့  ည (၈) နာရီမှာ ထုတ်ပြန်ကြေညာပါတယ်။

ဒီကနေ့အထိ ရောဂါပိုးတွေ့သူ စုစုပေါင်း (၁၁၁၁) ဦးရှိသွားပြီဖြစ်ပြီးတော့ သေဆုံးသူက ၆ ဦးရှိသွားပါပြီ။

ပြန်လည်သက်သာလာသူက ၃၅၉ ဦးရှိပါတယ်။

အခုတွေ့ရှိတဲ့ ၅၃ ဦးထဲမှာ ရခိုင်ပြည်နယ် စစ်တွေက ၁၈ ယောက်၊ မင်းပြားက ၁၂ ယောက်၊ ရန်ကုန်တိုင်း သာကေတက ၅ ယောက်၊ သဃင်္န်းကျွန်းက ၃ ယောက်၊ မင်္ဂလာဒုံနဲ့ ဗဟန်းက နှစ်ယောက်စီ၊ လှိုင်၊ကြည့်မြင်တိုင်၊ ရန်ကင်း၊စမ်းချောင်း၊ အင်းစိန်၊ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းက တစ်ယောက်စီ၊ မန္တလေးတိုင်း မဟာအောင်မြေက တစ်ယောက်၊ မွန်ပြည်နယ် မော်လမြိုင်နဲ့ မုဒုံကတစ်ယောက်စီနဲ့  ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ကတစ်ယောက်စီတို့ဖြစ်ကြပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။