မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ညီလာခံ နေပြည်တော်မှာ ကျင်းပမည်
2018.11.02
မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဗေဒပစ္စည်းတွေ ထုတ်လုပ်အသုံးပြုမှုကို မဟာဗျူဟာချမှတ်ပြီး တိုက်ဖျက်ရေးအတွက် အာရှ-ပစိဖိတ်ဒေသ ညီလာခံတစ်ခုကို ဒီလ ၇ နေ့ကစပြီး နေပြည်တော်မှာ ကျင်းပမယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုတိုက်ဖျက်ရေးအဖွဲ့ UNODC က မနေ့က ကြေညာလိုက်ပါတယ်။
၃ ရက်ကြာ ကျင်းပမယ့် အဲဒီညီလာခံမှာ မြန်မာ၊ ထိုင်းနဲ့ လာအို နယ်စပ် ရွှွေတြိဂံဒေသမှာ ထုတ်လုပ်တဲ့ ဓာတုဗေဒဆေးဝါး အခြေခံ မူးယစ်ဆေးဝါးတွေ အထူးသဖြင့် မက်တဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်မှုနဲ့ သယ်ဆောင်ရောင်းဝယ်မှုတွေ လျှော့နည်းရေးအတွက် အဖြေရှာကြမှာဖြစ်ပြီး ဒေသအတွင်းရှိ တရားဥပဒေ စိုးမိုးရေး၊ ကျန်းမာရေးနဲ့ ဓာတုဗေဒဆေးဝါးဆိုင်ရာ အရာရှိတွေ ကျွမ်းကျင်သူတွေ တက်ရောက်မယ်လို့ ဆိုပါတယ်။
ဒီညီလာခံကို မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ UNODC ပူးတွဲကျင်းပမှာ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂက လာတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။