မြန်မာပြည်သုံးစွဲမှု ဖေ့စ်ဘွတ် သုံးသပ်မည်
2018.04.26
ဖေ့စ်ဘွတ် Facebook လူမှုကွန်ယက်အဖွဲ့ အရာရှိတစ်ဦးက မြန်မာနိုင်ငံနိုင်ငံဆိုင်ရာလုပ်ငန်းတွေကို သူတို့ ပြန်လည်သုံးသပ်မှာဖြစ်တယ်လို့ ဗြိတိန် လွှတ်တော်မှာ မနေ့က ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် မြန်မာပြည်မှာ ဖေ့စ်ဘွတ်ရဲ့ မူဝါဒချမှတ်ချက်တွေကို လက်ရှိစောင့်ကြည့်စစ်ဆေးနေတဲ့ လူဦးရေ အင်အားကိုလည်း တိုးချဲ့ဖို့လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
ဖေ့စ်ဘွတ်ကို မြန်မာနိုင်ငံမှာ လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ သွေးထိုးမှုတွေအတွက် အသုံးပြုနေကြတယ်ဆိုတဲ့ ဝေဖန်မှုတွေပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ် ကုမ္ပဏီရဲ့ နည်းပညာဆိုင်ရာ အကြီးအကဲ Mike Schroepfer မိုက် ရှိုးဖဲ က မြန်မာပြည်မှာ ပေါ်ပေါက်နေတဲ့ အခြေအနေတွေဟာ ထူးခြားအံသြစရာပါပဲလို့လည်း ပြောကြားပါတယ်။