မြန်မာ-အိန္ဒိယ ပူးတွဲ ညှိနှိုင်းရေးကော်မရှင် အစည်းအဝေး ကျင်းပ


2015.07.16
india-pm-620.jpg အိန္ဒိယဝန်ကြီးချူပ် နရင်ဒရာမိုဒီပုံ
Photo: india news

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးဟာ အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံးဦးစားပေးကိစ္စ တစ်ရပ်ဖြစ်သလို၊ အိန္ဒိယအနေနဲ့လည်း မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် အားကိုးထိုက်တဲ့ လက်တွဲဖေါ်နိုင်ငံအဖြစ်ရှိနေကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီက ပြောပါတယ်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နယူးဒေလီမြို့မှာ မနေ့က တွေ့ဆုံစဉ်အတွင်း အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက ပြောဆိုခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ မြန်မာနဲ့ အိန္ဒိယကြား ပထမဆုံးအကြိမ်ကျင်းပမယ့် JCC ခေါ် ပူးတွဲဆွေးနွေးညှိနှိုင်းရေးကော်မရှင် အစည်းအဝေးတက်ရောက်ဖို့အတွက် လေးရက်ကြာ ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံကို အင်္ဂါနေ့က ရောက်ရှိခဲ့ပါတယ်။

ဒီနေ့ ကျင်းပမယ့် JCC ခေါ် အစည်းအဝေးမှာ နှစ်နိုင်ငံကြား ပူးတွဲဆောင်ရွက်ခဲ့ကြတဲ့ ကိစ္စရပ်တွေ၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးကြမှာဖြစ်ပါတယ်။

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း အိန္ဒိယနိုင်ငံကို အခုလ ကုန်ပိုင်းမှာ သွားရောက်ဖို့ရှိနေပြီး ဝန်ကြီးချုပ် Narendra Modi အပါအဝင် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။