ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ် စက်တင်ဘာလဆန်းပိုင်းမှာ စတင် ကျင့်သုံးဖွယ်ရှိ
2012.07.11
ဟောင်ကောင်မှာ သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ ဒု-ဝန်ကြီး ဦးကံဇော်က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးမြှင့်လာစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ပုံမှန်အားဖြင့် ဥပဒေသစ်တရပ်ကို အတည်ပြုဖို့ ၂ လခန့်အချိန်ယူတာမျိုး ရှိခဲ့ပေမဲ့ ဒီဥပဒေမူကြမ်းကိုတော့ အမျိုးသားလွှတ်တော်က ဆွေးနွေးအတည်ပြုပြီး နောက်တနေ့ကစပြီး ဥပဒေ အသက်ဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်းကို အခု ကျင်းပနေတဲ့ ပထမအကြိမ် အမျိုးသား လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ် ။