မြန်မာပြည် ကျရှုံးနိုင်ငံဖြစ်လာနေလို့ အိမ်နီးချင်းနိုင်ငံတွေ စိုးရိမ်

2021.09.17
မြန်မာပြည် ကျရှုံးနိုင်ငံဖြစ်လာနေလို့ အိမ်နီးချင်းနိုင်ငံတွေ စိုးရိမ် မန္တလေးမြို့မှာ ဇူလိုင်လ ၁ဝ ရက်နေ့က အောက်ဆီဂျင်ဖြည့်ဖို့ တန်းစီစောင့်ဆိုင်း နေကြသူများကို တွေ့ရစဉ်
Photo: AFP

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက အဘက်ဘက်က ကျရှုံးနေတဲ့ နိုင်ငံဖြစ်လာနေပြီး အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း အန္တရာယ် ရှိလာနေကြောင်း အမေရိကန်အခြေစိုက် နိုင်ငံတကာရေးရာ ကောင်စီအဖွဲ့က ပြောပါတယ်။

နိုင်ငံစီးပွားရေး ပြိုလဲသွားခဲ့ပြီး Covid-19 ကူးစက်မှု ကပ်ရောဂါ ထိန်းချုပ်နိုင်စွမ်းလည်း မရှိ၊ ရာနဲ့ချီတဲ့ ပြည်သူတွေလည်း စစ်တပ်ရဲ့ သတ်ဖြတ်ခံရကြောင်းလည်း ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာမသိမ်းခင် မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအထိ ကိုဗစ် ကူးစက်မှုကြောင့် သေဆုံးသူ ခြောက်ဦးသာရှိခဲ့ပြီး ၂၀၂၀ နှစ်ကုန်ပိုင်းမှာ သေဆုံးသူ သုံးထောင်ကျော်သာ ရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံအတွင်း နေ့စဉ် ကူးစက်ခံရသူပေါင်း ပျမ်းမျှ ခြောက်ထောင် ဝန်းကျင် ရှိနေပြီး သေဆုံးသူ ပျမ်းမျှ တစ်ရက် သုံးထောင်ဝန်းကျင်ရှိနေကြောင်း အာဏာသိမ်းစစ်ကောင်စီက ဆိုပါတယ်။ ဒါပေမဲ့ တကယ့်အရေအတွက်က အဲဒီထက် ပိုမိုများပြားမယ်လို့ နိုင်ငံတကာရေးရာကောင်စီက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့ပြီး အခုမှ ဖြည်းဖြည်းချင်း ပြန်စနေရကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။