မြန်မာ့ကျောက်စိမ်း ဝယ်နိုင်သူ နည်းပါးလာ


2013.09.15
jade_raw_305px.jpg အခွန်မဆောင်ဘဲ မြန်မာနိုင်ငံမှ တရားမဝင် သယ်ဆောင်လာ တဲ့ ကျောင်းစိမ်းအရိုင်းတုံးများကို တရုတ်-မြန်မာနယ်စပ် ကြယ်ဂေါင်မှာတွေ့ရစဉ်
(Photo: RFA)

တနေ့တခြား ဈေးနှုန်းမြင့်မားလာနေတဲ့ မြန်မာ့ကျောက်စိမ်းကို ဝယ်ယူသူနည်းပါးလာနေတဲ့အတွက် ဈေးကွက်ပျက်သွားမှာ စိုးရိမ်နေရကြောင်း တရုတ်ကျောက်မျက်ကုန်သည်တွေက ပြောပါတယ်။

၂၀၀၅ ခုနှစ်ကစလို့ ပြီးခဲ့တဲ့၈ နှစ်အတွင်း အရည်အသွေးမြင့် မြန်မာ့ကျောက်စိမ်းအရိုင်းတုံးတွေနဲ့ ကျောက်စိမ်းလက်ဝတ်ရတနာ အချောထည်တွေရဲ့ ဈေးနှုန်းဟာ မှန်မှန်ကြီးမြင့်တက်လာခဲ့ရာက၊ အခုအခါ ဝယ်နိုင်သူနည်းပါးလာနေတဲ့အတွက် မကြာခင်ဈေးကွက်ပျက်သွားနိုင်တယ်လို့ ဟောင်ကောင် ကျောက်မျက် ရတနာပြပွဲမှာ ကျွမ်းကျင်သူ တွေ က ပြောဆိုကြောင်း AFP သတင်းက ဖောါပြပါတယ်။

မြန်မာနိုင်ငံက ကျောက်မျက်ရတနာပြပွဲတွေမှာလည်း ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း လာရောက်သူ ရတနာ ကုန်သည် အရေအတွက် ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ကျောက်မျက်လေလံပွဲလာရောက်ခဲ့သူ တရုတ်ကုန်သည်တစ်ယောက်က သူ့မှာပါတဲ့ ယူရိုငွေနှစ်သန်းဟာ လေလံတစ်ကြိမ်ဆွဲစာသာရှိတယ်ဆိုတာ တွေ့ခဲ့ရကြောင်းပြောပါတယ်။

ကျောက်စိမ်းဈေးကြီးမြင့်လာတဲ့ အဓိကအကြောင်းတစ်ခုက အရင်ကလို ကျောက်စိမ်းတွေ ဈေးကွက်ထဲ ပေါပေါများများရောက်မလာတော့ဘဲ ရှားပါးသွားတဲ့အတွက်ဖြစ်တယ်လို့ သိရပါတယ်။

တချို့ကလည်း မြန်မာအစိုးရက ကျောက်စိမ်းသယံဇာတကို ကာကွယ်ထိန်းသိမ်းတဲ့အနေနဲ့ ကျောက်စိမ်းတွင်းတွေကို ပိတ်လိုက်မှာ၊ ထုတ်လုပ်မှု လျှော့ချလိုက်မှာ၊ ကျောက်စိမ်းကို အရိုင်းအတိုင်းမရောင်းတော့ဘဲ ပြည်တွင်းမှာပဲ အချောထည် ထုတ်လုပ်ရောင်းချလာမှာကို စိုးရိမ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။