မလေးရှားမှာ နောက်ထပ်မြန်မာ တစ်ဦး သတ်ဖြတ်ခံရ
2016.04.12
မလေးရှားနိုင်ငံမှာ အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး မနေ့က လည်လှီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ကွာလာလာမ်ပူအခြေစိုက် The Star သတင်းစာက ဖော်ပြပါတယ်။
သတ်ဖြတ်သူ ၃ ဦးဟာ မြန်မာနိုင်ငံသားရဲ့ လည်ပင်းကို ခုတ်လှီးပြီး၊ ရင်ဘတ်နဲ့ လက်ကို ဓါးနဲ့ အချက်ပေါင်းများစွာ ထိုးနှက်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
Jalan Parmatang Batu အရပ်မှာ ကော်ဖီဆိုင်ဖွင့်ထားတဲ့ မြန်မာနိုင်ငံသားဟာ မနက်ဆိုင်ဖွင့်ချိန် သတ်ဖြတ်ခံ ရတဲ့ နေရာမှာပဲ သွေးထွက်လွန်ပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ သတ်ဖြတ်သွားသူ ၃ ဦးကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။
မလေးရှားနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစလို့ မြန်မာနိုင်ငံသားတွေ အခုလို ရက်ရက်စက်စက် သတ်ဖြတ်ခံနေရတာ ဒါဇင်နဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။