စင်္ကာပူက မြန်မာအိမ်ဖေါ် လူသတ်မှု နဲ့ ထောင်ကျ
2015.07.28
စင်္ကာပူနိုင်ငံမှာ မြန်မာ အိမ်ဖေါ်တစ်ဦး လူသတ်မှုနဲ့ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။
စင်္ကာပူက မိသားစုတစ်ခုဆီမှာ အိမ်ဖေါ်အဖြစ် လုပ်ကိုင်နေတဲ့ မသန်းသန်းဝင်း ဟာ ပြီးခဲ့တဲ့နှစ် မတ်လက အသက် ၈၇ နှစ်အရွယ် အဖွားအို တစ်ဦးကို ကတ်ကြေးနဲ့ ထိုးသတ်ခဲ့မှုနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အိမ်သားတွေမရှိတဲ့အခိုက် အိမ်ရှင်မရဲ့ယောက္ခမဖြစ်သူ အဖွားအိုက မသန်းသန်းဝင်း ကို အသုံးမကျကြောင်း ဆူပူ ကြိမ်းမောင်းနေရာမှာ မသန်းသန်းဝင်း က ကတ်ကြေးနဲ့ အချက် ၂၀ ကျော် ထိုးသတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အဲဒီ တိုက်ခန်းကနေ ထွက်လာခဲ့ပြီး ရပ်ကွက်ထဲမှာလှည့်လည်သွားလာနေခဲ့ရာက၊ ကားတစ်စီးပေါ်က တွေ့ရှိခဲ့တဲ့ လွှ တစ်ချောင်းနဲ့ ကိုယ့်လည်ပင်းကိုယ် လှီးဖြတ်ဖို့ကြိုးစားခဲ့ပေမဲ့ အလုပ်သမားတစ်ဦးက တားဆီးခဲ့တယ်လို့ သိရပါတယ်။
သူ့ကို ဆေးရုံမှာ စစ်ဆေးခဲ့တဲ့အခါ မသန်းသန်းဝင်းဟာ စိတ်ကျဝေဒနာ အပြင်းအထန် ခံစားနေရတယ်လို့ ဆရာဝန်တွေ ကပြောပါတယ်။