ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မဲပေးဖို့ အခက်အခဲရှိနေ
2020.07.17
လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေလည်း မဲတွေကို ကြိုတင်ပြီးပေးလို့ရအောင် သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့ သံရုံးတွေက စီစဉ်နေပါပြီ။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးဖို့ လျှောက်လွာတင်နိုင်ပြီ ဆိုပေမယ့် မြန်မာသံရုံးကနေ မဲပေးဖို့ စီစဉ်ပေးမှုတွေမှာ အားနည်းချက်တွေရှိနေတဲ့အပေါ် မြန််မာအလုပ်သမားရေးကူညီတဲ့ အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြနေကြပါတယ်။ မဲပေးဖို့လျှာက်လွှာဖြည့်သွင်းရေးက လွယ်ကူပေမဲ့ မဲပေးဖို့ အမည်စာရင်းကျလာပြီး ကြိုတင်ဆန္ဒမဲတွေ ပေးတဲ့နေရာမှာ အခက်အခဲရှိနေနိုင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။
ကြိုတင်မဲကောက်ခံတဲ့အခါမှာ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရတို့ ညှိနှိုင်းပြီး ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား နေထိုင်နေတဲ့ မြို့နယ်၊ ခရိုင်တွေမှာ မဲရုံခွဲတွေထားပြီး မဲကောက်ခံသင့်တယ်လို့လည်း ဆိုပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော်ရှိတဲ့ထဲက ရာဂဏန်းပဲ မဲပေးနိုင်ခဲ့လို့ အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား မဲပေးနိုင်ဖို့ စီစဉ်ပေးသင့်တယ်လို့ ဦးအောင်ကျော်က ထောက်ပြပါတယ်။

မွန်ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ မဲပေးခွင့် ဆုံးရှုံးမှုတွေ မရှိစေဖို့ ထိုင်းနိုင်ငံက အသင်းအဖွဲ့တွေ၊ မွန်ဆရာတော်ကြီးတွေက ကော်မတီကို ဇူလိုင်လ ၁၂ ရက်နေ့က ဖွဲ့စည်းခဲ့တယ်လို့ ၂၀၂၀ ရွေးကောက်ပွဲ အလုပ်သမားအကျိုးဆောင်ကော်မတီ (ထိုင်းနိုင်ငံ)ရဲ့ နာယက နိုင်ကဆော့မွန်က ပြောပါတယ်။
မွန်ကော်မတီအနေနဲ့ ဘန်ကောက်အနီးတဝိုက်က အလုပ်သမားတွေကို ကူညီလုပ်ဆောင်ပေးနိုင်ပေမဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းနဲ့ အရှေ့တောင်ဘက်မှာ ရှိတဲ့ မွန်ရွှေ့ပြောင်းအလုပ်သမားအများအပြားကို ကူညီဖို့ အလှမ်းဝေးနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဆန္ဒမဲသွားပေးတဲ့အခါမှာ မြန်မာအလုပ်သမားတွေ အများအပြားနေထိုင်နေတဲ့ ချင်းမိုင်၊ ဖူးခက်၊ မဲဆောက်နေရာတွေမှာ မဲရုံခွဲတွေ ထားသင့်တယ်လို့ နိုင်ကဆော့မွန်က ပြောပါတယ်။
၂၀၁၅ ရွေးကောက်ပွဲတုန်းက ဘန်ကောက်မြို့နဲ့ အလမ်းဝေးခဲ့လို့ ဆန္ဒမဲထည့်ဖို့ အခွင့်အရေးမရခဲ့ပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးနိုင်မယ်လို့ မျှော်လင့်ပြီး ဇူလိုင်လ ၁၆ ရက်နေ့က မဲပေးခွင့် လျှောက်လွာကို တင်ခဲ့ပြီလို့ ဘန်ကောက်မြို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

ထိုင်းတနိုင်ငံလုံးက မြန်မာတွေ မဲပေးနိုင်ဖို့ ဘယ်လိုစီစဉ်ထားသလဲဆိုတာနဲ့ပတ်သက်ပြီး သိနိုင်ဖို့ ဘန်ကောက်မြို့က မြန်မာသံရုံးနဲ့ ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ရုံးတွေကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမလည်း ပြန်ပြီးဖြေကြားတာမရှိခဲ့ပါဘူး။
နိုဝင်ဘာလ ၈ ရက်နေ့ ပြုလုပ်မယ့် မြန်မာနိုင်ငံက အထွေထွေရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကြိုတင်ဆန္ဒမဲပေးရေး လျှောက်လွှာတင်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁၅ ရက်က ကြေညာခဲ့ပါတယ်။
လျှောက်လွာကို ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးကို လူကိုယ်တိုင်ပဲဖြစ်ဖြစ်၊ အီးမေးလ်ဖြစ်ဖြစ်၊ စာတိုက်က ဖြစ်ဖြစ် ပေးပို့ရမှာဖြစ်ပြီး ဇူလိုင်လ ၁၆ ရက်နေ့က သြဂုတ်လ ၅ ရက်နေ့ထိ လက်ခံမှာ ဖြစ်ပါတယ်။