မြန်မာရေတပ်ဖွဲ့ အိန္ဒိယမှာ လေ့လာ
2014.06.11
မြန်မာ့တပ်မတော် ရေတပ်ဗိုလ်မှူးချုပ် ဌေးနိုင် ဦးဆောင်တဲ့ စစ်တွေအခြေစိုက် ဓညဝတီ ရေတပ်ဌာနချုပ် က ရေတပ်အရာရှိအဖွဲ့တစ်ဖွဲ့ဟာ အိန္ဒိယတောင်ပိုင်း ရေတပ်ဌာနချုပ်ကို လေးရက်ကြာ ခရီးစဉ်အဖြစ် တနင်္လာနေ့က ရောက်ရှိခဲ့ကြကြောင်းThe Hindu သတင်းက ဖေါ်ပြပါတယ်။
မြန်မာ့ရေတပ် ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယရေတပ် လေ့ကျင့်ရေးဌာနချုပ်၊ တောင်ပိုင်းတိုင်း ရေတပ်ဌာနချုပ်ရဲ့ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး M.S. Pawar နဲ့ တွေ့ဆုံခဲ့ပါတယ်။ အရာရှိ ငါးဦးပါ မြန်မာရေတပ် ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယရေတပ် လေ့ကျင့်ရေးစခန်းတွေမှာ လေ့ကျင့်ရေးအစီအစဉ်တွေကို လေ့လာကြမှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့ပြင် အိန္ဒိယရေတပ် စစ်တက္ကသိုလ်ကိုလည်း သွားရောက်ကြမှာဖြစ်ပါတယ်။
အိန္ဒိယရေတပ်အနေနဲ့ မြန်မာရေတပ်သားတွေကို ပုံမှန်လေ့ကျင့်ပေးနေကြောင်း၊ အခု မြန်မာရေတပ် ကိုယ်စားလှယ်အဖွဲ့ရဲ့ အလည်အပတ် အစီအစဉ်ဟာလည်း အိန္ဒိယရေတပ်ရဲ့ ကမ်းလှမ်းချက်အရဖြစ်ကြောင်း အိန္ဒိယရေတပ်အရာရှိတွေက ပြောပါတယ်။