မြန်မာ့ကမ်းလွန် ရေနံရှာဖို့ အိန္ဒိယကုမ္ပဏီတွေ ကြိးစားနေ


2013.08.02

မြန်မာနိုင်ငံက ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် ၃ဝ အတွက် အိန္ဒိယနိုင်ငံက RIL ၊ OVL နဲ့ Cairn ကုမ္ပဏီတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရှာဖွေခွင့်ရဖို့ ပြိုင်ဆိုင်နေကြတယ်လို့ အိန္ဒိယ PTI သတင်းဌာနက ဖော်ပြပါတယ်။

ကမ်းဦးရေတိမ်ပိုင်းလုပ်ကွက် ၁၁ ခုနဲ့ ရေနက်ပိုင်းလုပ်ကွက် ၁၉ ခုအတွက် မြန်မာနိုင်ငံက တင်ဒါခေါ်ထားပြီး ပြည်ပကုမ္ပဏီ ၆၁ ခုက အရည်အချင်းပြည့်မှီတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း မကွေးတိုင်းချောက်မြို့နယ်မှာ Goldpetrol Joint Operating ကုမ္ပဏီက CHK 1170 ချောက်ရေနံတွင်းအမှတ် ၁၁၇၀ အတွက် ရေနံတွင်းတူးတဲ့လုပ်ငန်း အပြီးသတ်သွားပြီလို့ စင်ကာပူအခြေစိုက် Interra Resources Ltd က သြဂုတ်၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
Interra Resources Ltd ဟာ Goldpetrol မှာ အစုရှယ်ယာ ၆၀ ရာခိုင်နှုန်း ထည့်ဝင်ထားပါတယ်။ CHK 1170 တွင်းဟာ ပေ ၃၃၀၀ ကျော်အနက်ရှိပြီး သူ့နားက CHK 1166 ရေနံတွင်းတူးတဲ့လုပ်ငန်းက ဒီနှစ် မတ်လမှာ အပြီးသတ်ပါတယ်။ Goldpetrol က ကိရိယာနဲ့ ရေနံတွင်းတူးတာဖြစ်ပြီး အကုန်အကျနည်းပါးတယ်လို့ ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။