ငြိမ်းချမ်းရေးပွဲတော် ကျင်းပမည်


2016.09.19
myanmar-peace-festival-620.jpg မြန်မာ့ငြိမ်းချမ်းရေးပွဲတော်နဲ့ပတ်သက်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့Orchid ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်
Photo: Aung Thain Kha/ RFA

ငြိမ်းချမ်းရေး လုပ်ငန်းတွေ ဖော်ဆောင်တဲ့နေရာမှာ ပြည်သူလူထုပါဝင်ဖို့လိုပြီး ပြည်သူလူထုပါဝင်နိုင်တဲ့ နည်းလမ်းတွေကို စဉ်းစားဖို့ လိုအပ်တယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီ က ပြောပါတယ်။

လာမယ့် စက်တင်ဘာလ ၂၄ရက်နေ့မှာ ကျင်းပမယ့် မြန်မာ့ငြိမ်းချမ်းရေးပွဲတော်နဲ့ပတ်သက်ပြီး ဒီနေ့ ရန်ကုန် မြို့Orchid ဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးဂျင်မီက ပြောတာဖြစ်ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးပွဲတော်ကို လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ရန်ကုန်မြို့ အောင်ဆန်း အားကစားကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီပွဲတော်ကို ၂၀၁၃ ခုနှစ်ကစတင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲတော်မှာ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်တွေက ငြိမ်းချမ်းရေး တေးသီချင်းတွေနဲ့ ငြိမ်းချမ်းရေး အငြိမ့်တွေကို ကပြဖျော်ဖြေသွားမှာဖြစ်ပြီး ဘောလုံးပြိုင်ပွဲတွေကိုပါ ထည့်သွင်းသွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။