ထိုင်းကယ်ဆယ်ရေး ရဟတ်ယာဉ်မှ မြန်မာယာဉ်မှူးကို ရှာဖွေနေဆဲ
2014.10.08

ခါကာဘိုရာဇီတောင်အနီး ကယ်ဆယ်ရေးလုပ်ငန်း သွားလုပ်ရင်း အဆက်အသွယ်ပြတ်သွားတဲ့ ထိုင်းရဟတ်ယာဉ်ပေါ်မှာ လိုက်ပါသွားသူ သုံးဦး အနက် နှစ်ယောက်ကိုသာ ပြန်တွေ့ပြီး မြန်မာ ရဟတ်ယာဉ်မှူးကို ဆက်ရှာနေတယ်လို့ ထိုင်း ရဟတ်ယာဉ်ကုမ္ပဏီ အရာရှိတစ်ဦးက ပြောပါတယ်။
ခါကာဘိုရာဇီတောင်ထိပ်ကနေ ပြန်အဆင်း မှာ ပျောက်ဆုံးသွားတဲ့ မြန်မာလူငယ် တောင်တက် သမားနှစ်ဦးကို သွားရှာရင်း သူတို့ သုံးဦးနဲ့ပါ အဆက်ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။
တနေ့ကတော့ အဲဒီ ထိုင်းရဟတ်ယာဉ်ပေါ်မှာ ပါသွားတဲ့သုံးဦးဟာ နောင်မွန်မြို့နယ် ဂတ်ထုကျေးရွာ နဲ့ လေးမိုင်ခန့်အကွာမှာရှိတဲ့ လန်ဆာကျေးရွာကို ပြန် လည်ရောက်ရှိလာကြတယ်လို့ ထူးဖောင်ဒေး ရှင်း ပြန်ကြားရေး တာဝန်ခံက RFA ကိုပြောပါတယ်။
ထူးဖောင်ဒေးရှင်းနဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ Advance Aviation Co အရာရှိတစ်ဦးက သတင်းထောက်တွေကို တွေ့ရာမှာ ထိုင်း ရဟတ်ယာဉ်မှူးနဲ့ မြန်မာရဟတ်ယာဉ်မှူးတို့ ဒဏ်ရာရခဲ့ကြကြောင်း၊ ဟိုနေ့က ကျန်တစ်ယောက်က လန်ဆာကျေးရွာကို ရောက်ရှိလာပြီး သူ့ရဲ့ ပြောဆိုချက်အရ လိုက်ရှာကြရာမှာ ထိုင်းရဟတ်ယာဉ်မှူးကို ပြန်တွေ့ခဲ့ပေမယ့် မြန်မာရဟတ်ယာဉ်မှူးကို မတွေ့သေးကြောင်း ပြောပါတယ်။
ရဟတ်ယာဉ် ပျက်ကျတာ ဟုတ်- မဟုတ် ဆိုတာကိုတော့ ဘယ်သူကမှ မပြောကြပဲ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။