မြန်မာ့ကမ်းလွန်မှာ ထိုင်း ကုမ္ပဏီက ဓာတ်ငွေ့သိုက် ထပ်မံတွေ့ရှိ


2013.08.19

မြန်မာ့ ကမ်းလွန် မုတ္တမ ပင်လယ်ကွေ့အတွင်း ရေနံ နဲ့ သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေး M3 လုပ်ကွက်က အစမ်းတွင်း (၄) တွင်းမှာ ဓါတ်ငွေ့ ပမာဏအမြောက်အများ တွေ့ရှိကြောင်း ထိုင်းနိုင်ငံပိုင် PTTEP ရေနံ ကုမ္ပဏီက ပြောပါတယ်။

အဆင့်ဆင့်စမ်းသပ်ချက်တွေအရ အောင်သိင်္ခ အစမ်းတွင်းအမှတ် (၃) (၄) (၅ ) နဲ့(၆) ကနေ တစ်နေ့ကို စုစုပေါင်း ဓာတ်ငွေ့ပမာဏ ကုဗပေ သန်းပေါင်း ၃၄.၅ သန်း ထုတ်ယူနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ပထမဆုံး စ်မ်းသပ်တူးဖေါ်ခဲ့တဲ့ အောင်သိင်္ခ အစမ်းတွင်းအမှတ် (၄) မှာ ဓာတ်ငွေ့သိုက် တွေ့ရှိပေမယ့် ဓာတ်ငွေ့ ထွက်မလာခဲ့ဘူးလို့ သိရပါတယ်။

ဒါကလည်း ဓာတ်ငွေ့သိုက်ပေါ်က ထုံးကျောက်လွှာကို အက်စစ် နဲ့ တိုက်စား တဲ့ ကရိယာ ရဲ့ ချို့ယွင်း ချက်ကြောင့်လို့ ဆိုပါတယ်။

အောင်သိင်္ခ လုပ်ကွက်မှာ နောက်ထပ် ဓာတ်ငွေ့တွေ ရှိဦးမယ်လို့ PTTEP ရေနံကုမ္ပဏီက ခန့်မှန်းထားပြီး ၊ နောက်နှစ်မှာလည်း အစမ်းတွင်းတွေ ဆက်လက် တူးဖော်ရှာဖွေဦးမှာဖြစ်ပါတယ်။

ဒါ့ပြင် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ စွမ်းအင်ရှာဖွေတူးဖော်နတဲ့ ဂျပန် Mitsui ရေနံရှာဖွေရေးကုမ္ပဏီ လုပ်ကွက်ရဲ့ (၂၀) ရာခိုင်နှုန်းကို လက်ခစား လုပ်ကိုင်နိုင်ရေးအတွက် မြန်မာအစိုးရဆီက ခွင့်ပြုချက်ရရှိအောင်ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။