မျှတတဲ့အခြေအနေ ဖန်တီးပေးဖို့ ဖေ့စ်ဘွတ်ကို ထပ်မံတောင်းဆို
2018.05.19
ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာအနေနဲ့ မျှတတဲ့ အခြေအနေကို ဖန်တီးပေးဖို့ ဖေ့စ်ဘွတ်ကုမ္ပဏီပိုင်ရှင် Mark Zuckerberg ကို တက်ကြွလှုပ်ရှားသူတွေက စာရေးသားပြီး ထပ်မံတောင်းဆိုလိုက်ပါတယ်။
မြန်မာအပါအပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံက လှုပ်ရှားသူတွေပါဝင်တဲ့ တက်ကြွလှုပ်ရှားသူများ ညီညွတ်ရေးအဖွဲ့တွေ က တောင်းဆိုလိုက်တာဖြစ်ပြီး ဖေ့စ်ဘွတ်အနေနဲ့ ပြဿနာရပ်တွေကို တပြေးညီ၊ ပွင့်လင်းမြင်သာစွာနဲ့ အလယ် အလတ်နည်းနဲ့ ချဉ်းကပ်ဆောင်ရွက်နိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလိုတောင်းဆိုတဲ့အဖွဲ့မှာ မြန်မာ၊ ဘင်္ဂလာဒေ့ရှ်၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ ဆီးရီးယားနိုင်ငံက တက်ကြွလှုပ်ရှားသူတွေ ပါဝင်တာဖြစ်ပြီး သူတို့မှာ အင်တာနက်သုံးစွဲသူ အရည်အတွက် ဘီလျံနဲ့ချီပြီးရှိတာကြောင့် မိမိတို့အင်အားကို ပြသမှာဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။