ဟံသာဝတီလေဆိပ် ဆောက်လုပ် ခွင့်တင်ဒါ တောင်ကိုးရီးယား ကုမ္ပဏီရရှိ
2013.08.11
မြန်မာနိုင်ငံရဲ့ အကြီးဆုံးလေဆိပ်ဖြစ် လာမယ့် ပဲခူးတိုင်းဒေသကြီးအတွင်းက ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး တည်ဆောက်ရေး လုပ်ကိုင်ခွင့်ကို တောင်ကိုးရီးယားကုမ္ပဏီ Incheon International Airport Corp (IIAC) ကို ပေးအပ်လိုက်တယ်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
တောင်ကိုးရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကလည်း ရန်ကုန်မြို့ရဲ့ အရှေ့မြောက်ဘက်မိုင် ၅ဝ အကွာမှာ တည်ဆောက်မယ့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် IIAC ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပြီးဖြစ်ကြောင်းနဲ့ နောက်ဆုံးအဆင့်စာချုပ်ကို အမေရိကန်ဒေါ်လာ သန်း ၁၁ဝဝ နဲ့ ဒီနှစ်ကုန်ချုပ်ဆိုမှာဖြစ်ကြောင်း ဒီကနေ့ အတည်ပြု ကြေညာပါတယ်။
ဒီလေဆိပ်ကနေ တစ်နှစ်ကို ခရီးသည် ၁၂ သန်းခန့် ဝင်ရောက်သွားလာနိုင်မှာဖြစ်ကြောင်း တောင်ကိုးရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
တောင်ကိုးရီးယား ဆောက်လုပ်ရေးကုမ္ပဏီလေးခု ဖက်စပ်ပါဝင်တဲ့ IIAC ကုမ္ပဏီ အနေနဲ့ လေဆိပ်ကို၂ဝ၁၈ ခုနှစ်မတိုင်မီ အပြီးဆောက်လုပ်ရမှာဖြစ်ပြီး လေဆိပ်စီမံခန့်ခွဲခွင့်နဲ့ ထိန်းသိမ်းခွင့်ကို ၂ဝ၆၇ ခုနှစ်အထိ ရရှိထားတယ်လို့ သိရပါတယ်။