အပူချိန်မြင့်မားလို့ အရှားပါးဆုံး ကြယ်လိပ် ၆၂ ကောင် သေဆုံး
2019.05.24

မကွေးတိုင်းဒေသကြီး ရွှေစက်တော်ဘေးမဲ့တောထဲက မျိုးသုဉ်းလုနီးပါး ကြယ်လိပ် ၆၂ ကောင်ဟာ ရေဓာတ် ကုန်ခမ်းပြီး သေဆုံးတယ်လို့ သစ်တောဦးစီးဌာန၊ ရွှေစက်တော်ဘေးမဲ့တော ဦးစီးအရာရှိ ဦးအုန်းလွင်က ပြောပါတယ်။
အဲဒီကြယ်လိပ်တွေဟာ အပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်ကနေ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ခံနိုင်ရည်စွမ်းရှိပေမယ့် အခုလက်ရှိအပူချိန်တွေဟာ ၄၆ ဒီဂရီ စင်တီဂရိတ်ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့တာဖြစ်ပါတယ်။
ကြယ်လိပ်တွေဟာ တောရိုင်းတိရစ္ဆာန် မှောင်ခိုရောင်းဝယ်သူတွေကြောင့် မြန်မာနိုင်ငံမှာ မျိုးသုဉ်းပျောက်ကွယ်တော့ မယ့် အခြေအနေဖြစ်နေပါတယ်။
အခုလိပ်တွေကတော့ သစ်တောဦးစီးဌာနနဲ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့တွေက ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက် ထားတဲ့ လိပ်တွေဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။