မြန်မာကျောင်းသား ၁၀ ဦး တရုတ်နိုင်ငံလေ့လာရေး ဟွာဝေးကုမ္ပဏီ ပို့ဆောင်မည်


2017.04.07

တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ ဟွာဝေးကုမ္ပဏီဟာ မြန်မာနိုင်ငံက ထူးချွန်ကျောင်းသား ၁၀ ဦးကို ရွေး ချယ်ပြီး တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်း ပညာတွေ လေ့လာဖို့ စေ လွှတ်တော့မယ်လို့ ဆိုပါတယ်။

မြန်မာကျောင်းသား ၁၀ ဦးကို ရန်ကုန်ကွန်ပြူတာသိပ္ပံတက္ကသိုလ်၊ သံလျင်နည်းပညာတက္ကသိုလ်တို့ ကနေ ရွေးချယ်စေလွှတ်ဖို့ နားလည်မှုစာချွန်လွှာကို နှစ်ဘက်တာဝန်ရှိသူတွေ မနှစ်က လက်မှတ်ရေး ထိုးထားတာပါ။

ဟွာဝေးကုမ္ပဏီဟာ အနာဂတ်အတွက် မျိုးစေ့များလို့ အမည်ပေးထားတဲ့ အဲဒီအစီအစဉ်ကို ၂၀၀၈ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပြီး၊ ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၉၆ နိုင်ငံက ကျောင်းသား ၂၇၀၀ ကျော်ကို တရုတ်နိုင်ငံကို လေ့လာရေး ပို့ဆောင်ခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။