ကျဆုံးမယ့်လမ်းကို မြန်မာ ဦးတည်နေကြောင်း ကုလလူ့အခွင့်အရေးမင်းကြီးပြော

2021.07.06
ကျဆုံးမယ့်လမ်းကို မြန်မာ ဦးတည်နေကြောင်း ကုလလူ့အခွင့်အရေးမင်းကြီးပြော ဖေဖော်ဝါရီလအစောပိုင်းက ရန်ကုန်မြို့တွင်းမှာ တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
File Photo/Reuters

မြန်မာနိုင်ငံအတွင်းက တနေ့တခြားပြင်းထန်လာနေတဲ့ ပဋိပက္ခတွေဟာ ပိုကျယ်ပြန့်တဲ့ ပြည်တွင်းစစ် ဒါမှမဟုတ် ကျဆုံးတဲ့ နိုင်ငံအဖြစ်ကို ရောက်မယ့် အခြေအနေတွေ ပိုများလာနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က မနေ့ကပဲ ပြောလိုက်တဲ့အကြောင်း တူရကီနိုင်ငံထုတ် AA သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံရေးအကြပ်အတည်းက ပိုမြင့်မားလာခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ အကြပ်အတည်းကလည်း ပုံစံမျိုးစုံနဲ့ ဆိုးဆိုးဝါးဝါး ရှိလာနေတဲ့အကြောင်း၊ မြန်မာစစ်တပ်ရဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်မှုတွေက စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာရာကနေစပြီး မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဆိုးသည်ထက် ဆိုးလာနေတဲ့အကြောင်း လူ့အခွင့်အရေးမဟာမင်းကြီးက လူ့အခွင့်အရေးကောင်စီမှာ မနေ့ကတင်ပြခဲ့ပါတယ်။

ဒီလိုအခြေအနေဆိုးတွေအောက်မှာ မြန်မာပြည်သူတွေဟာ အချင်းချင်း ရိုင်းပင်းကူညီပြီး အံ့သြဖို့ကောင်းအောင် ကြံ့ကြံ့ခံနိုင်တာကို ချီးကျူးတယ်လို့လည်း လူ့အခွင့်အရေးမဟာမင်းကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ထွန်းကားပြီး အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် မြန်မာစစ်အုပ်စုကို နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားတွေ ဆက်ပြီးပေးကြဖို့ကိုလည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က တိုက်တွန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။