ထွက်ပြေးလာသူ သုံးထောင်ကျော် စောင့်ရှောက် ထားဟု တရုတ်ပြောကြား


2016.11.22
myanmar-refugees-china-620.jpg တရုတ်ပြည်ဘက်မှာ ခိုလှုံနေတဲ့ မြန်မာစစ်ပြေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: http://www.thepaper.cn

တရုတ်အစိုးရက အခုလတ်တလော မြန်မာနယ်စပ်အနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မိမိတို့နိုင်ငံ ကို မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်ဦးရေ ၃ဝဝဝ ကျော်ရှိနေပြီလို့ အင်္ဂါနေ့ မနေ့က ပြောကြား လိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Gen Shuang ဂင်န်ရှောင်က အဲဒီ ထွက်ပြေးခိုလှုံလာသူတွေ ကို လူသားချင်းစာနာမှုအရ သက်ဆိုင်ရာ ယူနန်ပြည်နယ် အာဏာပိုင်တွေက ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ဒဏ်ရာရသူတွေကိုလည်း ဆေးရုံတင်ကုသပေးထားပါတယ်လို့ ဘေဂျင်းမြို့က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် တရုတ်အစိုးရပြောခွင့်ရှိသူက အခုဖြစ်ပွားနေတဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား ပဋိပက္ခကို ပိုမိုကျယ်ပျံ့လာခြင်းမရှိအောင် ပစ်ခတ်မှုတွေကို နှစ်ဘက်လုံးက ချက်ခြင်းရပ်စဲပြီး နယ်ခြားဒေသ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်အောင် ထိထိရောက်ရောက် ဆောင်ရွက်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။

တဆက်တည်းမှာပဲ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် မိမိတို့ တရုတ်ပြည်က အပြုသဘောကဏ္ဏကနေ ဆက်လက်ပါဝင်ကူညီလိုပါတယ်လို့ တရုတ်အရာရှိက ပြောဆိုကြောင်းလည်း ဘေဂျင်း ကလာတဲ့ AFP နဲ့ ရိုက်တာသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။