မလေးရှားသွားမယ့် မြန်မာ ၁၈ ယောက်ကို ထိုင်းရဲ ဖမ်းဆီး


2019.06.15
myanmar-workers-arrest-622.JPG မလေးရှားကို တရားမဝင်သွားရောက်မယ့် မြန်မာနိုင်ငံသား ၁၈ ယောက်ကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က ထိုင်းနိုင်ငံမှာ ဖမ်းဆီးစဉ်
Photo: Assawin Pakkawan

မလေးရှားကို တရားမဝင်သွားရောက်မယ့် မြန်မာနိုင်ငံသား ၁၈ ယောက်ကို ထိုင်းနိုင်ငံ စုန်ခလာခရိုင်၊ စဒေါင်နယ်မြေက တောထဲမှာ ထိုင်းရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မနေ့က မနက်ပိုင်းမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းစာ The Nation မှာ ဖော်ပြထားပါတယ်။

အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး နှစ်ယောက်ဟာ မလေးရှားကို တရားမဝင်သွားဖို့ ပွဲစားက ခေါ်လာခဲ့တာဖြစ်ပါတယ်။ သူတို့ကို ကားလမ်းမနဲ့ တစ်မိုင်ခွဲလောက်ဝေးတဲ့ အဲဒီတောထဲမှာ ပွဲစားကထားခဲ့တာဖြစ်တယ်လို့ ရေးသားထားပါတယ်။ မလေးရှားကိုဆက်သွားဖို့ တောထဲကနေစောင့်နေတာ လေးရက်ကြာပြီး အစားအသောက်အတွက် ငှက်ပျောအူတွေကို စားခဲ့ရတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။