တရုတ်ပြည်ကပြန်ချင်တဲ့ မြန်မာနိုင်ငံသားတွေ အကူအညီလိုအပ်နေ


2020.03.03

တရုတ်နိုင်ငံ ရှန်းတုန်းပြည်နယ် ဝေ့ဟိုင်မြို့က စက်ရုံတွေမှာအလုပ်လုပ်နေတဲ့ အိမ်ပြန်ချင်တဲ့ မြန်မာတွေကို စက်ရုံကပြန်ခွင့်မပေးလို့ အခက်အခဲဖြစ်နေပါတယ်။ အဲဒီစက်ရုံတွေမှာ မြန်မာနိုင်ငံသားနှစ်ထောင်ကျော်ရှိပြီး အောင်လံမြို့နယ်က အယောက် ၁၅၀ ကျော် ပါဝင်ပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း ပြန်ချင်တဲ့သူတွေရဲ့စာရင်းနဲ့ သူတို့ရှိတဲ့နေရာသိရတာနဲ့ တပြိုင်တည်း တရုတ်အာဏာပိုင်တွေနဲ့ညှိနှိုင်းပြီး အဆင်ပြေအောင် ဆောင်ရွက်နေတယ်လို့ပြောပါတယ်။

RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။