မင်္ဂလာတောင်ညွန့်ကိစ္စ ဝရမ်းထုတ်ခံထားရသူတစ်ဦး အဖမ်းခံ


2017.05.22
myatphonemo-620.jpg ကိုမြတ်ဘုန်းမိုရ်(အင်္ကျီအဖြူနဲ့လူ)ကို မေလ ၉ ရက်နေ့ညက ရန်ကုန်မြို့မှာ တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ညက မင်္ဂလာတောင်ညွန့်မြိုနယ်မှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှု နဲ့ ပတ်သက်ပြီး ဝရမ်းထုတ်ခံထားရသူတစ်ဦးဖြစ်တဲ့ ကိုမြတ်ဘုန်းမိုရ် ဟာ ဒီကနေ့မနက်က မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။

ကိုမြတ်ဘုန်းမိုရ်နဲ့ သူ့အရင်ဖမ်းဆီးထားသူ ၄ ဦးကို ဒီကနေ့ မနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုနဲ့ ပတ်သက်ပြီး ဆရာတော် ဦးသုစိတ္တ၊ ဦးပညာဝံသ တို့ နဲ့အတူ လူ ၅ ဦးကို ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅(ဂ) နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လူ ၅ ဦးကို ဖမ်းဆီးထားပြီဖြစ်ပြီး ဆရာတော် ဦးသုစိတ္တနဲ့ ဦးပညာဝံသ တို့ကိုတော့ ဖမ်းဆီးထားခြင်း မရှိသေးပါဘူး။

ဒီကနေ့ တရားရုံးထုတ်ကို အမျိုးသားရေး လှုပ်ရှားသူတွေ လာရောက်ခဲ့ကြပြီး NLD အစိုးရ ကျဆုံးပါစေ၊ မတရား ဥပဒေကျဆုံးပါစေ ဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။