မြစ်ဆုံဆည်ကိစ္စ ဥပဒေကြောင်းအရ ဖြေရှင်းရလိမ့်မယ်လို့ တရုတ် သတိပေး

မြစ်ဆုံဆည်စီမံကိန်းကို မြန်မာအစိုးရဘက်က တစ်ဘက်သတ် ရပ်ဆိုင်းလိုက်တဲ့ အတွက် ဥပဒေကြောင်းအရ ဖြေရှင်းစရာတွေ ရှိလာလိမ့်မယ်လို့ CPI (China Power Investment Corporation) တရုတ် အစိုးရ စွမ်းအင် ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဌ Lu Qizhou က မနေ့က ပြောဆိုပါတယ်။

2011.10.03
save-irrawaddy-hat-305 ဧရာဝတီမြစ် ထိမ်းသိမ်းစောင့်ရှောက်ရေး၊ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်တန့်ရေးတို့ အတွက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်မှာ ပြုလုပ်ခဲ့သော ရန်ကုန်မြို့က ဆန္ဒပြပွဲတခုတွင် လှုံ့ဆော်ရေး စာတန်းပါ ခမောက်ဆောင်းထားသူ တဦးကို တွေ့ရစဉ်။
AFP

အစိုးရပိုင် ဆင်ဟွာ သတင်းဌာနနဲ့ ဆက်သွယ် မေးမြန်းခန်းမှာ မြန်မာဘက်က ရေကာတာ ဆောက်လုပ်ရေး ရပ်ဆိုင်းထားမယ်လို့ ရုတ်တရက် ကြေညာလိုက်ကြောင်း သတင်း မီဒီယာတွေက တဆင့် သိရတာကြောင့် သူတို့ အနေနဲ့ အင်မတန်မှ အံအားသင့်မိတယ် လို့လည်း Lu Qizhou က ပြောပါတယ်။

အမေရိကန် ဒေါ်လာ သန်းသုံးထောင်ကျော် ကုန်ကျတဲ့ မြစ်ဆုံဆည် တည်ဆောက်မှု သဘောတူညီချက် စာချုပ်အပေါ် မြန်မာဘက်က ချိူးဖောက်ခဲ့မှုကို တရားဥပဒေကြောင်း အရ ဆောင်ရွက်သွားမယ် လို့လည်း ဆိုပါတယ်။

ဧရာဝတီမြစ် ကယ်တင်ရေး လှုပ်ရှားနေသူ US Campaign for Burma အဖွဲရဲ့ အမှုဆောင် ညွန်ကြားရေးမှုး ဦးအောင်ဒင်ကတော့ - မြန်မာပြည်သူ တစ်ရပ်လုံးက မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းဖို့သာ မဟုတ်၊ ဖျက်သိမ်းဖို့ တောင်းဆိုနေကြတာ ဖြစ်ကြောင်း၊ တရုတ် အစိုးရရဲ့အခုလို ဖိအားပေးမှုကို မြန်မာ အစိုးရ အနေနဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

မြန်မာဘက်က မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းမှုကို တရုတ် အစိုးရပိုင် ကုမ္ပဏီအနေနဲ့ ဘယ်လို ဥပဒေကြောင်းအရ တရားစွဲမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မြန်မာနဲ့ တရုတ် အရေး ကျွမ်းကျင်သူတွေကတော့ နှစ်နိုင်ငံ စလုံးမှာ တရားဥပဒေ စိုးမိုးမှု အားနည်းချက်တွေ ရှိနေတာကြောင့် ဒီမြစ်ဆုံဆည် ကိစ္စမှာ တရားဥပဒေ နည်းလမ်းအရ ဖြေရှင်းနိုင်ပါ့မလား ဆိုတာ သံသယ ရှိနေကြ ပါတယ်။

CPI ဥက္ကဌနဲ့ တရုတ်အစိုးရ သတင်းဌာန တွေ့ဆုံမေးမြန်းချက်ကို ဦးဝင်းနိုင်က ထုတ်နုတ်တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ဦးအောင်ဒင်နဲ့ ဆက်သွယ် မေးမြန်းချက် အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-04 09:41

Aung Din (USCB ) didn't do Myit Sone Dam project.He has been doing COI(Commission Of Inquiry) and Rohinjar Issue for own profits in US.

Anonymous
2013-07-18 11:26

ပြည်သူလူထုတစ်ရပ် လုံးရဲ့ဆန္ဒကို ချိုးနှိမ်ပြီး အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ အသက်
ရှည်အောင် ပံ့ပိုးခဲ့တဲ့ တရုတ်ဟာ စစ်အစိုးရနဲ့ တန်းတူ အပြစ် ရှိပါတယ် အစကတည်းက ပြည်သူ့ဆန္ဒနဲ့ လုပ်ခဲ့တာ မဟုတ်လို့ တရားမဝင်ဘူး။ မတရား အာဏာ ရယူထားတဲ့ စစ်အစိုးရတွေနဲ့ ဆက်ဆံပံ့ပိုးပေးတဲ့ နိုင်ငံရဲ့ ခေါင်းဆောင်တွေကို နိုင်ငံတကာ စစ်ခုံရုံးမှာ တရားစွဲသင့်ပါတယ်

Anonymous
2011-10-08 04:53

မြစ်ဆုံရေကာတာလုံးဝမဖြစ်ပါစေနဲ့....
မြန်မာပြည်သူပြည်သားတွေဒုက္ခရောက်ကြလိမ့်မယ်..

Anonymous
2011-10-04 03:21

First of all, both of Chinese and Myanmar goverment are obliged to respect Burmese people according to the International Law. There is nothing benefits to the Burmese civilians exempt Chinese and someone who approved the statement that implemented dam's projects around our country. Just take the example of a dam situating in Shan State named "Mobye dam" that currently damaged by water, as a result unlikely effected to Kayah State by covered of water up to 150 households letf Kayah people scared and worried . Therefore, either within or outside the country of burmese people are absolutely against the project of Irrawaddy. As far as I known, Irrawady is not only the lives-blood of Burmese, but also the lives-blood to the whole world, because the climate chaged is effected to the whole globe. Finally, as we love the nature, the beauty, and the envirromental good things, you too must be the same because you are human beings too.

Anonymous
2011-10-04 12:45

နေ့စားခပေးပြီးခေါ်ထားတဲ့ရုပ်ပေါက်နေတယ်။မြန်မာစာများများသုံးကြပါ။ဒီတိုင်းပြည်မှာ မှမြန်မာစာမသုံးရင်ဘယ်မှာသုံးကြမှာလဲ။

Anonymous
2011-10-04 02:03

Project was suspended only but not Terminated yet..it’s absolutely different meaning..Why is he making problem for?.that's man will cause two countries friendship in tension..Myanmar is now trying to following the way of Democracy in some level and must listen to what public said, not a communist regime like China.