မကွေးက Mytel တာဝါတိုင် ငါးတိုင် ဖောက်ခွဲဖျက်ဆီးခံရ

2021.09.12
မကွေးက Mytel တာဝါတိုင် ငါးတိုင် ဖောက်ခွဲဖျက်ဆီးခံရ မကွေးတိုင်းက Mytel ဆက်သွယ်ရေးကုမ္ပဏီရဲ့ တာဝါတိုင် ပျက်စီးနေတာကို ၂၀၂၁ စက်တင်ဘာ ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မကွေးတိုင်းထဲမှာရှိတဲ့ Mytel ဆက်သွယ်ရေးကုမ္ပဏီရဲ့ တာဝါတိုင် ငါးတိုင်ကို စက်တင်ဘာ ၁၁ ရက် ညပိုင်းနဲ့ စက်တင်ဘာ ၁၂ ရက် ဒီနေ့မနက်ပိုင်းတို့မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက် ညပိုင်း မနေ့က မကွေးတိုင်း နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးရွာနဲ့ သပွတ်ပင်ရွာ တွေမှာရှိတဲ့ စစ်ကောင်စီပိုင် Mytel တာဝါတိုင်နဲ့ မကွေးမြို့ ဝေယံဘုံမြင့်ကျောင်းအနီးက Mytel တာဝါတိုင် ၃ တိုင်က စက်ပစ္စည်းတွေကို ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဖျက်ဆီးခဲ့တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

စက်တင်ဘာ ၁၂ ရက် ဒီနေ့မနက်ပိုင်းကလည်း မကွေးတိုင်း ပေါက်မြို့နဲ့ တောင်တွင်းကြီးမြို့တွေက Mytel တာဝါတိုင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။

RFA က စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ စက်တင်ဘာလ ၄ ရက်ကနေ စက်တင်ဘာ ၁၂ ရက်ထိ တစ်ပတ်အတွင်း စစ်ကိုင်း၊ မန္တလေး၊ မကွေး စတဲ့ တိုင်းသုံးခုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွေမှာ ဖောက်ခွဲဖျက်ဆီးခံရတဲ့ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၅၄ ခု ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။