နာဂခေါင်းဆောင် ကက်ပလန် ကွယ်လွန်ပြီ


2017.06.10
naga-leader-620.jpg နာဂပြည်နယ် အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN အဖွဲ့ခေါင်းဆောင် ကက်ပလန် ကို တွေ့ရစဉ်
Photo: KanglaOnline - Gateway to North East India

အိန္ဒိယအစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ နာဂပြည်နယ် အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN အဖွဲ့ခေါင်းဆောင် အသက် ၇၇ နှစ်အရွယ် ကက်ပလန်ဟာ ကျောက်ကပ်ရောဂါနဲ့ မြန်မာပြည် စစ်ကိုင်းတိုင်းထဲက တာဂါဒေသမှာရှိတဲ့ သူ့အဖွဲ့ဌါနချုပ်မှာ ကွယ်လွန်သွားပြီလို့ အိန္ဒိယအစိုးရအရာရှိ တစ်ဦးက မနေ့က ပြောလိုက် ပါတယ်။

ကက်ပလန်ဟာ ၂ဝ၁၅ ခုနှစ်လောက်က သူ့ကျန်းမာရေးအတွက် ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိပ်ကုသခဲ့သေးသလို၊ အဲဒီနှစ်မှာပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အိန္ဒိယအစိုးရကို ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။

NSCN အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်ကျင်းပနိုင်ရေးအတွက် အဖွဲ့ခေါင်းဆောင်တွေနဲ့တွေ့ဖို့ အိန္ဒိယအစိုးရ ကိုယ်စားလှယ်တွေ မကြာသေးခင်က မြန်မာပြည်သွားခဲ့သေးတယ်လို့ နာဂပြည်နယ် အုပ်ချုပ်ရေးမှူးက မနေ့ကပြောပါတယ်။

၂ဝ၁၅ ခုနှစ်မှာ ကက်ပလန်ဦးဆောင်တဲ့ NSCN အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အစိုးရတပ်သား ၁၈ ယောက် သေဆုံး ခဲ့ပါတယ်။

အိန္ဒိယဗဟိုအစိုးရဟာ ပြည်နယ်တွေမှာ ဒေသဖွံ့ဖြိုးရေးကိုလျစ်လျူရှုပြီး၊ သဘာဝသယံဇာတွေကို လက်ဝါးကြီး အုပ်ထားတယ်လို့ ခွဲထွက်ရေးအဖွဲ့တွေက ပြစ်တင်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။